Kim taeyeon တစ်နေ့လုံး အိမ်မှာကုပ်နေမိသည်၊ ဒီနေ့ က hyung နေမကောင်းလို့ အလုပ်မသွားသဖြင့် သူနှင့် hyung စကားပြောရန် ချောင်းနေ ခြင်းပါ၊၊
Yul ကလည်း တစ်နေ့လုံး ကားတစ်စီး ဖြင့်မြို့ပတ်နေသော ညီဖြစ်သူ အိမ်ကပ်နေသဖြင့် ထူးဆန်းနေသည်။
Tae : hyung သက်သာလား😁😁😁
Yul : သက်သာပါတယ်ကွာ၊ မဖြစ်စလောက်ပါ၊ ဒီနေ့ Sunday လည်းဖြစ်တော့ နားချင်တာနဲ့မသွားတော့တာ
Tae : ဟုတ်
Yul : tae ဘာပြောရာရှိလဲပြောလေ
Tae : hyung ကသိလှချည်လားကွ
Yul : မင်းကို ငါမမွေးရုံတမယ်ပါကွာ၊ မင်း အထာတော့နပ်ပြီးသား ၊ကဲ...ပြော
Tae : hyung နဲ့ဆွေးနွေး စရာရှိလို့
Yul : ကြီးကြီးကျယ်ကျယ် ဘာဆွေးနွေးမှာလဲ
Tae : အချစ်ဆိုတဲ့ခေါင်းစဉ်တစ်ခုကိုဆွေးနွေးကြရအောင်
ဆင်ဖြူမျက်နှာဆင်မည်းမကြည့်ဝံ့တာမဟုတ်ပေမဲ့ tae ကို မျက်နှာချင်းမဆိုင်ချင်သေးပါ။fany အကြောင်း ကိုမဖွင့် ဟချင်သေးပါ။
Tae : hyung စိတ်ဝင်စားတယ် မို့လား
Yul : ဘာကိုလဲကွ
Tae : ဆွေးနွေးမယ့်ခေါင်းစဉ်ကိုလေ
Yul : ခေါင်းကိုက်တယ်ကွာ၊ ပေါက်ကရတွေလာမပြောနဲ့။
Tae : အဲပေါက်ကရ hyung ရင်ထဲမှာလေးနက်နေပြီလား၊ ၀န်ခံပါကွာ၊ ညီအကိုချင်းချင်းတွေပဲ့
Yul : သွားစမ်းပါကွာ
Tae : hyung.. ...fany noona မှာ ချစ်သူရှိတယ်လို့ကြားတယ်၊သူ့ချစ်သူဘယ်သူလဲ။
Yul : ငါဘယ်သိမှာလည်းကွ၊ ဟုတ်ရောဟုတ်ရဲ့လား
Hyung မျက်နှာပျက်သွားတာကို လူကဲခတ်ကျွမ်းကျင်သော tae က ရိပ်မိလိုက်သည်၊ hyung ဟာ fany noona နဲ့ချစ်ခင်နေတာကို tae သိသွားပြီဆိုပြီး မျက်နှာပျက်တာလား။
ဒါမှမဟုတ် အခြားတစ်ယောက်နှင့်ထင်၍မျက်နှာပျက်တာလား၊ ဘာကြောင့်ပဲ့ပျက်ပျက် hyung မျက်နှာပျက်ရတဲ့အဓိက အကြောင်းအရင်းက fany noona ကိုချစ်နေလို့ပဲ့ပေါ့၊ ကဲ.....သူကလည်းချစ်နေပြီ၊ ဘယ်လိုလုပ်ရမလဲ ။
YOU ARE READING
ရင်စည်းရိုးနဲ့အချစ်လေပြည်
ФэнтезиFany. pr. ကျမလေတစ်စုံတစ်ယောက်ကိုအချစ်တွေပေးခဲ့ဖူးတယ် တစ်စုံတစ်ယောက်စီကအချစ်တွေရခဲ့ဖူးတယ် ဒါပေမဲ့.. ........ အဲဒီတစ်စုံတစ်ယောက်ဟာကျမအတွက်တစ်ယောက်တည်းမဟုတ်ခဲ့တာကကျမရဲ့ကံကြမ္မာပဲ့ပေါ့နော်😔😔😔 ကျမကိုပေးဆပ်ရသောသူနဲ့ကျမက...