ရင်​စည်းရိုးနှင့်​အချစ်​​လေပြည်​ part 11

501 55 6
                                    

အဲဒီလိုနှင့်​ သူတို့ တိုကျို ​လေဆိပ်​​ရောက်​​တာ့hyung​ရဲ့သူငယ်​ချင်း​တစ်​​ယောက်​ လာကြိုသလို fany ကို လည်း အရပ်​မြင့်​မြင့်​ ​ဒေါင်​ကောင်း​ကောင်း ဂျပန်​အမျိုးသားတစ်​​ယောက်​လာကြိုသည်​၊၊ထိုဂျပန်​နှင့်​ fany ၀မ်းသာ သလဲနှုတ်​ဆက်​​နေပုံကို ကြည့်​ကာ tae က မျက်​နှာတစ်​ချက်​မဲ့လိုက်​ပြီး hyung ရဲ့ သူငယ်​ချင်း ဘက်​လှည့်​ကာ ပြုံးပြလိုက်​သည်​။ ထို​နောက်​မှာ​တော့ တိုကျို​လေဆိပ်​မှာ taeနှင့်​ fany ခွဲရတာ​ပေါ့။



Hyung ရဲ့သူငယ်​ချင်း အကူအညီဖြင့်​ တိုကျိုမှာ​လျောက်​လှည်​ခဲ့ကသည်​၊ လက်​ခုံနှင့်​​ခြေဖမိုးကို ထိမိတိုင်း fany ဆီ စိတ်​​ရောက်​တတ်​တာကလွဲလို့​ပေါ့။ထို​နောက်​မှာ​တော့ ​ရှောင်​လွှဲမရ​သော ကံကြမ္မာ ကtaeတို့ကိုပြန်​ဆုံဆည်း​စေပြန်​ပြီ။ tae က ထို​နေ့က သူတည်းခိုရာနှင့်​ သိပ်​မ​ဝေး​သောကုန်​တိုက်​ကြီးတစ်​ခုကို ​ခြေကျင်​​လျောက်​လာခဲ့သည်​၊ ဂျပန်​မှာက ခရီး​ဝေးသွားလျင်​ ရထားနှင့်​သာအသွားများပြီး ​တော်​ရုံတန်​ရုံ ဟိုနားဒီနားသွားလာရင်​​တော့ ​ခြေလျင်​သွားကြတာ​များကာ ​တော်​​တော်​ ကြီးကိုအ​ရေးကြီးကိစ္စရှိမှ မဖြစ်​မ​နေအ​နေထားမျိုးမှာ taxi ငှါးစီးကြသည်​။ဒီ​တော့ tae လည်း​ရွှေမင်းသားလို လုပ်​မ​နေ​တော့ပဲ့ ကိုယ့်​​ခြေ​ထောက်​ကိုယ်​သုံးရတာ​ပေါ့၊ကုန်​တိုက်​​ရောက်​​တော့ ​ရေ​မွှေး​ကောင်​တာရှိရာ တတိယထပ်​ကိုတက်​လာခဲ့သည်​၊ taeက ​ရေ​မွှေး​ကောင်း​ကောင်းကိုကြိုက်​သည်​၊ အနံ့မကြိုက်​ရင်​​တောင်​ ပုလင်း ပုံလှလှ​လေး​တွေ​တွေ့ရင်​ ချစ်​စနိုး နဲ့ဝယ်​သိမ်းထားတတ်​သည်​မို့ hyung က အမြဲနှ​ခေါင်းရှုံ​နေကြ.....

Yul : မိန်းမကြီး ကျ​နေတာပဲ့ taeရာ လို့

hyung ရဲ့ စူပုပ်​ပုပ်​ပုံစံကို မြင်​​ယောက်​ကာ ပြုံးလိုက်​မိပြီး တစ်​ဘက်​အလှည့်​......

Tae : ဟာ..

ခွမ်း.......

တစ်​ဖက်​လူ၏လက်​ထဲက ​ရေ​မွှေးပုလင်းကို တိုက်​ချမိသွားသဖြင့်​ ​ရေ​မွှေး ပုလင်းက ကြမ်းပြင်​​ပေါ်သို့ ပြုတ်​ကျသွားပြီး ​ရေ​မွှေး ​တွေကလည်း ပတ်​၀န်းကျင်​ တစ်​ခုလုံး လှိုက်​ဖျာ​ဝေသွားပြီ​လေ...

ရင်​စည်းရိုးနဲ့အချစ်​​လေပြည်​Where stories live. Discover now