သာယာလှပတဲ့ညနေခင်းလေးတစ်ခု ~~~
အနောက်ဘက်မိုးကောင်းကင်တစ်ခွင်လုံး
ပုစွန်ဆီရောင်သမ်းလျက် လှချင်တိုင်းလှနေတော့သည် ။ထိုလှပတဲ့ပတ်ဝန်းကျင်ကိုသတိမထားမိပဲ
Taeyeonတစ်ယောက် မီးဖိုခန်းထဲမှာ
တကုပ်ကုပ်နဲ့ အလုပ်ရှုပ်လို့နေသည် ... ။
စားပွဲပေါ်မှာတင်ထားတဲ့ စာရွက်ပေါ်က
recipeကိုကြည့်လိုက် ပါဝင်ပစ္စည်းတွေကို
ဂရုတစိုက်အိုးထဲထည့်လိုက်လုပ်နေသည် ... ။
အမဲနံရိုးပေါင်းလုပ်ဖို့ ကြိုးစားနေခြင်းဖြစ်သည် ... ။
ပေါင်းအိုးကိုမီးဖိုပေါ်သေချာတင်သည် ...
မီးကိုအနေတော်ထားလိုက်သည် ...
နံရံပေါ်ကနာရီကိုမော့ကြည့်လိုက်တော့ ၅နာရီခွဲ ... ။'နာရီဝက်လောက်ထားရမယ်ဆိုတော့ ...
၆နာရီလောက်ဆိုချလို့ရပြီ ...
ဟိုလူကြီးပြန်လာခါနီးကျရင် မီးပါးပါးလေးနဲ့
ပြန်နွှေးလိုက်ရင် အတော်ပါပဲ ...'Taeyeon ထမင်းစားပွဲမှာဝင်ထိုင်ကာ
ပြတင်းတံခါးကနေတဆင့် အပြင်ဘက်ကို
ငေးကြည့်နေမိသည် ... ။'တိမ်တွေက လှလိုက်တာ ~~~'
နေဝင်အိပ်တန်းရန်ပြန်နေကြတဲ့ ငှက်ကလေးတွေကို
ကြည့်ရင်း Taeyeonရဲ့စိတ်ထဲကို
အတွေးစတချို့ဝင်ရောက်လို့လာသည် ... ။
Taeyeon ဒီအိမ်လေးမှာနေလာခဲ့တာ
အခုဆို တစ်လလောက်ရှိနေပြီဖြစ်သည် ... ။
သူ့ရဲ့ဒဏ်ရာကလည်း သက်သာသလောက်ရှိနေပြီ .. ။ဒဏ်ရာအရှင်းပျောက်ရင်ကြိုက်တဲ့နေရာသွားလို့
Yuriကပြောထားပေမယ့်လည်း
သူ့အနေနဲ့ဒီအိမ်လေးကနေထွက်သွားချင်စိတ်မရှိ ... ။
Yuriကိုယ်တိုင်ကလည်း ဘာမှပြောမလာသေး ... ။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက
နည်းနည်းတော့ ရယ်ချင်စရာကောင်းသည် ... ။
တစ်အိမ်လုံးမှာမှ လက်ချိုးရေရင်တောင်
ဒီနှစ်ယောက်ပဲရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက်က
ဘယ်တော့မှတည့်တယ်ဆိုတာမရှိ ... ။
မျက်နှာချင်းဆိုင်လိုက်ရင် Yuriက
အမြဲတမ်း အနှောင့်အသွားမလွတ်အောင်
စနောက်နေတတ်သလို ...
Taeyeonကလည်း ဘုကလန့်တွေချည်း
ပြောလွှတ်တတ်သည် .... ။
သူတို့နှစ်ယောက်ကြားက စကားဝိုင်းတစ်ခုက
ရန်ဖြစ်ခြင်းနဲ့သာ အဆုံးသတ်သွားတာကများသည် ။
ဒါကြောင့် မျက်နှာချင်းဆိုင်မဆုံမိအောင်
သတိထားနေကြရသည် ... ။
တစ်ယောက်က အိမ်ရှေ့မှာဆို ... ။
တစ်ယောက်က အိမ်နောက်မှာ ... ။
မတည့်အတူနေ မမြင်ချောင်းကြည့်တဲ့
အခြေအနေမျိုးလို့ပဲပြောရမလားပဲ ... ။
YOU ARE READING
You are my everything to me
FanfictionWe fall in LOVE by CHANCE ... We stay in LOVE by CHOICE ...