အချိန်ကားညဆယ်နာရီခန့် ... ။
Yuri အခန်းထဲမှာထိုင်ရင်း
ဆေးပညာနဲ့ပတ်သတ်တဲ့
စာတမ်းတစ်စောင်ကိုဖတ်နေသည် ... ။
ထိုစဉ်အချိန်အခါမဟုတ်ပါပဲ
မိုးတွေသည်းကြီးမည်းကြီးရွာချတော့သည် ... ။ရုတ်တရပ်မိုးကြိုးပစ်ချလိုက်သံနဲ့အတူ
လျှပ်စစ်မီးတွေပါပြတ်တောက်ကုန်သည် ... ။
မီးပြတ်သွားတော့လုပ်စရာမရှိတာကြောင့်
Yuri အိပ်ရာဝင်ဖို့ပြင်ဆင်တော့သည် ... ။အိပ်ရာခင်းရတာလည်းထွေထွေထူးထူးတော့မဟုတ်
ဂွမ်းစောင်အပါးကိုအောက်ကခင်း
ခေါင်းအုံးတစ်လုံး စောင်တစ်ထည်ရှိရင်
သူ့အတွက်တော့လုံလောက်ပါသည် ... ။
သက်သောင့်သက်သာရှိတယ်ဆိုတာထက်တောင်
ပိုလို့နေသေးသည် .... ။
အချိန်မရွေး ဘယ်နေရာမဆို
ကျောတစ်ခင်းစာနေရာရှိရင်တောင်
အိပ်တတ်အောင်လေ့ကျင့်ပေးခဲ့တဲ့
ဆရာဝန်ဘဝကိုကျေးဇူးတင်ရမည် ... ။
ဖြစ်သလိုခင်းထားတဲ့အိပ်ရာခင်းပေါ်
ကျောလှဲချပြီးသိပ်မကြာပါဘူး
တံခါးခေါက်သံကြားလိုက်ရသည် ... ။'Nae??'
အခန်းတံခါးကအနည်းငယ်ပွင့်ဟသွားပြီး
Taeyeonရဲ့ခေါင်းလေးပြူထွက်လာသည် ... ။'unnie 😁'
'Aww .. ဘာလဲTae???'
'Tae ဝင်လာလို့ရမလားဟင်??'
'အင်း ... လာခဲ့လေ ...'
Taeကကိုယ်ပေါ်မှာစောင်လေးပတ်ထားသည် ... ။
'စောင်ခြုံလို့ပါလား ဘာဖြစ်လို့လဲ? နေမကောင်းဘူးလား'
'နေကောင်းပါတယ် ... Taeအခန်းထဲမှာ အနွေးဓာတ်မရတော့လို့ ... ဘွိုင်လာကဘာဖြစ်လို့လဲမသိဘူး'
'ဟုတ်လား ဒီဘက်မှာတော့နွေးနေသားပဲ ... မီးလည်းပျက်နေတော့ မနက်မှပဲကြည့်ပေးတော့မယ် ... '
Taeကိုကြည့်ရတာချမ်းနေတဲ့ပုံပေါက်နေတာကြောင့်
'ဟို .. ဒီညTaeဒီဘက်အခန်းမှာပဲအိပ်လိုက်လေ ...'
Yuriစကားကြောင့် Taeမျက်နှာလေးဝင်းပသွားသည် .. ။
'အဲ့လိုလုပ်လို့ရမလား??'
'ရတာပေါ့ .. Umm .. Tae အနေကြပ်ရင် ကိုယ်အပြင်မှာထွက်အိပ်ပေးပါ့မယ် ..'
ŞİMDİ OKUDUĞUN
You are my everything to me
Hayran KurguWe fall in LOVE by CHANCE ... We stay in LOVE by CHOICE ...