Zawgyi Version
April ....
လမ်းမတလျှောက် ပင်မြင့်ထက်မှာ ချယ်ရီတို့ဖူးပွင့်ချိန် ...
လေတိုက်တိုင်း လွင့်ပါသွားတဲ့ ချယ်ရီပွင့်ချပ်တွေ ...
မြေပြင်ပေါ်မှာ ...
ရေပြင်ပေါ်မှာ ...
ချယ်ရီပွင့်ချပ်တွေ နေရာတိုင်းမှာ ...
ချယ်ရီ ... တနည်းအားဖြင့် ဆာမူရိုင်းတို့ဘဝကို ထင်ဟပ်ပြနေသော ပန်း ...
ချယ်ရီတွေဟာ အစွမ်းကုန်ဖူးပွင့်ပြီး ပွင့်ချပ်တွေ မနွမ်းခင်ပဲကြွေကျသွားကြသလို ဆာမူရိုင်းတို့ဟာလည်း သန်တုန်း မြန်တုန်း အရွယ်ကောင်းအချိန်တွေမှာပဲ တိုက်ပွဲမှာ ကြွေလွင့်ကြရလေသည် ။
ချယ်ရီ နဲ့ ဆာမူရိုင်း ...
အခုလည်း ချယ်ရီတွေ ကြွေနေပြီ ။ လေတိုက်တိုင်း မျောပါသွားတဲ့ ပွင့်ချပ်တွေထဲမှာ အတိတ်ကာလက ဆာမူရိုင်းတို့ ဝိဥာဉ်တွေ ကိန်းအောင်နေမလား Junya တွေးနေမိတယ် ။
ဒါပေမယ့်... အခုအချိန်မှာ သူအပင်အောက် ငေးမောနေ၍ ဖြစ်သည့်အချိန်မဟုတ် ။ အချိန်မှီအခါမှီ ပို့ခိုင်းတဲ့ ပစ္စည်းကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးဖို့ Junya မှာ တာဝန်ရှိနေသေးတယ် ။
Morikawa Junya ...
အသက် နှစ်ဆယ့်တစ်နှစ် ....
အထက်တန်းပြီးပေမယ့် ကောလိပ်ဆက်မတက်ပဲ ဝါသနာပါရာ ဂိမ်းကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေသူ ။ တနေ့တော့ သူတီထွင်ရေးဆွဲတဲ့ ဂိမ်းဟာ နိုင်ငံတလွှားလူကြိုက်များ အောင်မြင်စေရမည်ဟု သူ့စိတ်ထဲ ကြိတ်ပြီး ကြိမ်းဝါးကြွေးကျော်ထားသူ ။
ဖြစ်တာ မဖြစ်တာ အပထား ရည်မှန်းချက်ဆိုတာ မြင့်မြင့်ထားရမည် မဟုတ်လား ။ အခုချိန်တော့ Junya ဘာမှ ဖြစ်ဖြစ် မြောက်မြောက် မရှိသေး ။ နဂိုဓာတ်ခံပါရမီကြောင့် ပုံဆွဲတော်တဲ့ Junya တစ်ယောက် ဂိမ်းကုမ္ပဏီတစ်ခုက character ဒီဇိုင်းဆွဲ ဌာနမှာ အလုပ်တော့ရထားလေသည် ။ ဒီအလုပ်အပြင် အခုလို အချိန်ပိုမှာ အချိန်ပိုင်း ပစ္စည်းပို့ အလုပ်လည်း လုပ်သေးတယ် ။ အပိုဝင်ငွေပေါ့ ။ ဒီခေတ်ဒီအခါ နည်းပညာခေတ်မှာ နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေဟာ အချိန်နဲ့ အမျှ အသစ်အဆန်းပေါ်ပေါက်နေသည်မို့ Junya လို နည်းပညာသားကောင်တစ်ယောက်အနေနဲ့ အသစ်ထွက်တိုင်း ဝယ်ချင်သည့် ဒုက္ခကလည်း မသေးလှသည်မဟုတ်လား ။ ဂိမ်းနဲ့ ပတ်သတ်တဲ့ ဂိမ်းစက်တွေ ... PS3 .... PS4 ... X-box 360 ... wii ... စသည့်ဖြင့် ၊ smart phone ဆိုလည်း များပြားလှသည့် အမျိုးအစားတွေ ၊ ထွက်လိုက်သည့် အသစ်အဆန်း ၊ ပေါ်လိုက်သည့် အမျိုးအစား ။ ဒါကြောင့် အပိုဝင်ငွေ ဆိုသည်မှာ ဘယ်လိုဝင်ဝင် ဝင်လေကောင်းလေ ဖြစ်လေသည်မို့ Junya တစ်ယောက် အချိန်ပိုင်းအလုပ်တွေ တတ်နိုင်သလောက် လုပ်လေသည် ။
YOU ARE READING
Under The Falling Sakura [Hiatus]
Fanfictionချယ်ရီ နဲ့ ဆာမူရိုင်း ... ချယ်ရီတွေကြွေရင် Junyaကတော့ အတိတ်ကာလက အသက်စွန့်ခဲ့ကြတဲ့ ဆာမူရိုင်းတွေကို သတိရမိတော့တာပဲ ။