Zawgyi Version
မနက် .....။
Yuukimaru တကိုယ်လုံး ခပ်လေးလေးအရာတစ်ခုနဲ့ အဖိခံထားရတဲ့ ခံစားချက်မျိုးနဲ့ နိုးလာတယ် ။
လေးတယ် .....။
ဘာလို့တကိုယ်လုံး ဒီလောက်လေးလံနေရတာလည်း ။
သူ့မျက်လုံးတွေ အားယူဖွင့်လိုက်တော့ သူ့ရင်ဘတ်ပေါ် ဖြတ်တင်ထားတဲ့ လက်တဖက် ။ နောက် သူ့ခန္ဓာကိုယ်ပေါ် ခွတင်ထားတဲ့ ခြေထောက်တစ်ဖက် ။
Junya ဟာ Yuukimaru ကို ဖက်လုံးတလုံးလို သဘောထားပြီး အပီအပြင် ခွကာ အိပ်မောကျနေသည် ။
*ဒုန်း*
"Arrrrrrrrrrrrrrrrrrr သေပါပြီ ! ဘာဖြစ်တာလည်း ဟင် ဘာဖြစ်တာလည်း? Aliens တွေရောက်လာတာလား? Atoms bomb ပေါက်တာလား !!!!"
Junyaတစ်ယောက် အခန်းတံခါးဝဆီ အရှိန်ပြင်းပြင်း လွင့်ထွက်သွားတာကြောင့် တံခါးနဲ့ ဆောင့်မိလို့ နာသွားတဲ့ ခါးကို ကိုင်ရင်း အိပ်ချင်မူးတူး ထအော်တယ် ။ ပြီးမှ သူအကန်ခံလိုက်ရတာဖြစ်ပြီး သူ့ကို ကန်ထုတ်လိုက်တာဟာ Yuukimaru ဖြစ်ကြောင်း သဘောပေါက်သွားကာ.....
"နေပါအုံး သခင်လေးရဲ့ သခင်လေးက နိုးလာရင် ဘေးကလူကို ကန်တတ်တဲ့ အကျင့်ရှိတာလား ဘာလား? "
နာနေသေးတဲ့ ခါးကို ပွတ်ရင်း Junya က မှုန်ကုတ်ကုတ်ထထိုင်ကာ Yuukimaru ကို လက်ညိုးထိုးထိုးနဲ့ မကျေမနပ် ပွစိပွစိရေရွတ်လေသည် ။ Yuukimaru ကား မျက်မှောင်ကုတ်လျှက် ။ သူ့ရှေ့မှာ နှုတ်ခမ်းတလန် ပန်းတလန်နဲ့ လက်ညိုးတထိုးထိုး ပေါက်ကရ တွေ အော်ဟစ်နေတဲ့ Junya ကို မျက်စိစပါးမွေးစူး လာပုံရသည် ။
"အ.......အား!!! နာတယ်နာတယ်!!!!!!"
Yuukimaru ကို ထိုးထားတဲ့ Junya လက်ညိုးက လိမ်ချိုးခြင်းခံလိုက်ရတယ် ။ Yuukimaru ဟာ Junya ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ Junya လက်ကို လိမ်ချိုးထားရင်း အေးစက်စက်နဲ့ပြောတယ် ။
" ငါက အကြောင်းမဲ့ ရန်မရှာဘူး! မင်းက ငါ့ပိုင်နက်ဖက် အရင် ကျူးကျော်လာတာ"
အိပ်ယာနိုးကစ Yuukimaru မျက်နှာဟာလည်း မှုန်ကုတ်ကုတ်နဲ့ ။ သူ့ဆံနွယ်ရှည်တွေက ခေါင်းပေါ်မှာ အနည်းငယ် ရှုပ်ပွနေပြီး သူ့ရဲ့ ညဝတ်ကီမိုနိုအကျီရှည်ရဲ့ ခါးဆီးက အနည်းငယ်လျော့ရဲနေတယ် ။
YOU ARE READING
Under The Falling Sakura [Hiatus]
Fanfictionချယ်ရီ နဲ့ ဆာမူရိုင်း ... ချယ်ရီတွေကြွေရင် Junyaကတော့ အတိတ်ကာလက အသက်စွန့်ခဲ့ကြတဲ့ ဆာမူရိုင်းတွေကို သတိရမိတော့တာပဲ ။