Unicode Version
Junya ကို ပုရွက်ဆိတ်ကိုက်သော်...
" အား!!!!!!!!!!!!"
" ဟမ် ဘာဖြစ် ဘာဖြစ်တာလဲ !? "
Yuukimaru တစ်ယောက် လက်သုံးတော် ဓားရှည်ကို ကိုင်ဆွဲကာ ပြေးထွက်လာတယ် ။ ချယ်ရီပင်အောက်မှာ ကျောပေးကာ ငုတ်တုတ်ထိုင်နေတဲ့ Junya ရဲ့ တစ်ကိုယ်လုံး တုန်ယင်လို့နေတယ် ။
"Jun...ya "
Yuukimaru ကား သတိအနေအထားဖြင့် အနားကို အသာတိုးကပ်သွားတယ် ။ မသကာ သူ့အမြင်အာရုံနဲ့ မမြင်နိုင်တဲ့ မျက်ကွယ်နေရာဆီမှာ အန္တရာယ်တစ်စုံတစ်ရာများရှိနေသည်လား ။ ထိုအန္တရာယ်ဟာ ငုတ်တုတ်ထိုင်နေတဲ့ Junya ရဲ့ ရှေ့မှာ ဖြစ်ရမယ် ။ ငုတ်တုတ်အနေအထား Junya နဲ့ ကွယ်နေနိုင်တဲ့ ကြီးကြီးမားမား အန္တရာယ်က ဘာဖြစ်နိုင်လဲ ။ မြွေ ? ပထမဆုံး သူခေါင်းထဲ ရောက်လာတာ မြွေ !
Yuukimaru ဟာ လက်ထဲက ဓားကို မြင့်မြင့် မြှောက်လိုက်ပြီး သတိအနေအထားနဲ့ပြောတယ် ။
"Junya မကြောက်နဲ့ ! မင်းအဲဒီနားက ဖယ်လို့ရလား ? မင်းလက်ကို ကိုက်ထားတာလား ? ဆတ်ကနဲ အမြန်လှည့်လိုက် ! ငါပိုင်းချလိုက်မယ် ! "
"ခဏလေး !!! ခဏလေး !!!!! မပိုင်းနဲ့ လက်ကိုချ !!! ခဏလေး လှည့်မယ် လက်ထဲက ဓားကို ချထားပါ !!!!"
Junya က စီကနဲ ထအော်လိုက်တာကြောင့် Yuukimaru ကြောင်အမ်းသွားတယ် ။ တခုခုတော့ လွဲနေပြီ ။ မြွေတော့ ဟုတ်ဟန်မတူ ။
"ပုရွက်ဆိတ် ! "
"ဟမ်?"
"ပု...ပုရွက်ဆိတ် လက်... လက်ညိုးထိပ်ကို ကိုက်သွားတာ "
သူ့ရှေ့မှာ ရှုံ့မဲ့မဲ့မျက်နှာနဲ့ လက်ညိုးတစ်ချောင်း ထောင်ပြနေတဲ့ မျက်ဝန်းညိုကို မြင်ပြီးနောက် Yuukimaru ဆယ်စက္ကန့်လောက် ဆွံ့အသွားတယ် ။
••••••••••
အဲဒီနောက်....
" မင်းရူးနေတာလား !!! ပုရွက်ဆိတ်ကိုက်တာနဲ့ ဒီလောက် အလန့်တကြားအော်ရလား ?! အော်တဲ့ မင်းကိုပဲ ငါ ဓားနဲ့ ပိုင်းပစ်လိုက်တော့မယ် !!! "
Yuukimaru ဒေါသတကြီးအော်ဟစ်လိုက်ပြီး လက်ထဲက ဓားကို မြှောက်လိုက်တယ် ။ ဓားရောင်ဟာ Junya ခေါင်းပေါ်မှာ လက်ကနဲ ။
YOU ARE READING
Under The Falling Sakura [Hiatus]
Fanfictionချယ်ရီ နဲ့ ဆာမူရိုင်း ... ချယ်ရီတွေကြွေရင် Junyaကတော့ အတိတ်ကာလက အသက်စွန့်ခဲ့ကြတဲ့ ဆာမူရိုင်းတွေကို သတိရမိတော့တာပဲ ။