Act 4

2.5K 380 66
                                    

Zawgyi Version

"ဒါဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲ Yuukimaru sama "

အခန်းလေးထဲ Wakamasu အသံက ဟိန်းကနဲ ထွက်လာသည် ။ သူဒီလောက်ပြာယာခတ်နေပေမယ့် သူ့ရှေ့မှာ ထိုင်နေတဲ့ သခင်လေး Yuukimaru ကတော့ Shogi ( ရှိုဂီ = ဂျပန်ရိုးရာ စစ်တုရင် )အခင်းအကျင်းကိုသာ စူးစိုက်ကြည့်နေဆဲ ။

အခန်းလေးထဲ Wakamasu အသံက ဟိန်းကနဲ ထွက်လာသည် ။ သူဒီလောက်ပြာယာခတ်နေပေမယ့် သူ့ရှေ့မှာ ထိုင်နေတဲ့ သခင်လေး Yuukimaru ကတော့ Shogi ( ရှိုဂီ = ဂျပန်ရိုးရာ စစ်တုရင် )အခင်းအကျင်းကိုသာ စူးစိုက်ကြည့်နေဆဲ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"Yuukimaru sama !"

Wakamasu ရဲ့ လေသံမြင့်မြင့်နောက်မှာ Yuukimaru က မျက်လုံးလှန်ကြည့်တယ် ။ သူ့ရဲ့ အကြည့်တွေဟာ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘာလို့ဒီလောက် အကဲဆတ်နေရသလည်း ဆိုတဲ့ အဓိပ္ပါယ်မျိုး။

Wakamasu နားမလည်ပေ ။ သူ့သခင်လေးဟာ ဘာအကြောင်းကိစ္စကြောင့်များ ဒီအနုတ်စုတ် ဂုတ်စုတ်ကောင်ကို အလေးပေး စိတ်ဝင်စားနေရသနည်း ။ ဘယ်လိုပဲ ဖြစ်ဖြစ် သခင်လေးအမှန်ကို မြင်နိုင်အောင် ပြုပြင်တည့်မတ်ပေးရမှာ သူ့ရဲ့ တာဝန်ပဲ ဖြစ်သည်ဟု Wakamasu တစ်ယောက်နှလုံးပိုက်ရင်း....

" Yuukimaru sama! စဉ်းစားပါအုံး!  အခုကိစ္စက ဘယ်လိုမှ မသင့်တော်....."

" ဘာက ဘာကို မသင့်တော်တာလည်း Wakamasu! "

Yuukimaru က မော့မကြည့်ပဲ ပြန်ဖြေတယ် ။ သူ့ရဲ့ စိတ်အစဉ်ဟာ မျက်စိရှေ့က Shogi အခင်းအကျင်းပေါ်မှာပဲ နစ်မြုပ်နေသလိုပဲ ။

" ဟို ဘယ်ကမှန်းမသိတဲ့ အလေနတ်တောကောင်ကို အကြံပေးခန့်တဲ့ ကိစ္စပေါ့ Yuukimaru sama! သူက သူလျိုဖြစ်နိုင်တာ သေချာတယ်! သူ့ကို ယုံကြည်လို့မဖြစ်.... "

"ငါပြောပြီးပါကော Wakamasu! သူက သူလျိုမဟုတ်ဖူးဆိုတာ "

Yuukimaru က ပြောရင်း လက်ထဲက စစ်သူကြီးနဲ့ ရန်သူ့ဘုရင်ကို စားလိုက်တယ် ။

Under The Falling Sakura [Hiatus]Where stories live. Discover now