Zawgyi Version
"...."
မနက်စောစောနေရောင်ဟာ ပိတ်ထားခဲ့တဲ့ မျက်ခွံတွေပေါ် ထိုးကျလာတဲ့အခါ အေးဆေးငြိမ်သက်နေခဲ့တဲ့ ကိုယ်ခန္ဓာဟာလည်း များပြားတဲ့ ကိုယ်တွင်းစနစ် လှုံ့ဆော်မှုတွေဖြစ်လာပြီး Junya (ဂျွန်ယ) တစ်ယောက် နိုးလာခဲ့တယ် ။ ပိတ်ထားတဲ့ မျက်ခွံတွေကို မဖွင့်နိုင်သေးခင် Junya ရဲ့ ခပ်နှေးနှေးအသက်ရှုနှုန်းဟာ ပိုမြန်လာပြီး နှလုံးဟာလည်း အလိုက်သင့် မြန်မြန်လေး ခုန်လာသည် ။ အဲ့ဒီ့နောက် ကိုယ်ခန္ဓာအနှံ့အပြားက ထိသိခံစားမှုတွေဟာ ဦးနှောက်ဆီ တဖြည်းဖြည်းရောက်လာတော့တယ် ။ သူပထမဆုံး သိမိတဲ့ ခံစားမှုက သူ့တကိုယ်လုံး ထုံနေသလိုပဲ ။ ရုတ်ချည်း ကုန်းထလိုက်တဲ့ Junya တစ်ယောက် ခေါင်းထဲ မိုက်ကနဲ ဖြစ်သွားပြီး ချာချာလည်သွားလေသည် ။ မှုန်ဝါးဝါး အမြင်အာရုံတွေ ကြည်လင်လာတော့ သူရောက်နေခဲ့တဲ့ အခန်းငယ်ကို အထင်းသားမြင်နိုင်လာတယ် ။ သစ်သားနံရံတွေ ပတ်လည် အချုပ်ခန်းလေး ။ Sengoku ကာလ ။ လတ်တလော ပုခုံးပေါ်က လျောကျသွားတဲ့ ချယ်ရီအပွင့်အခက်တွေ ရေးဆွဲထားတဲ့ အနက်ရောင်ပိုးသားဝတ်ရုံ ။ တကယ်တော့ ဒါဟာ အိမ်မက်မဟုတ်ခဲ့ ။
နိုးကြားလာတဲ့ ခန္ဓာကိုယ်ဟာ ထိသိခံစားမှုတွေကို ဦးနှောက်ဆီ တစ်ခုချင်းပို့လွှတ်နေသေးတယ် ။ ထပ်မံခံစားလာရတဲ့ လက်မောင်းနှစ်ဖက်ဆီက နာကျင်တင်းကျပ်မှု ။ သူ့လက်မောင်းတွေဆီငုံ့ကြည့်မိတော့ ပတ်တီးဖြူဖြူတွေ စည်းနှောင်ထားတာတွေ့ရတယ် ။
// အကြောင်းက တကယ်လို့မင်းဟာ အပြစ်သားဖြစ်တယ်ဆိုရင် ငါပေးမယ့် အပြစ်ဒဏ်ကို မခံရပဲ သုံးရက်မပြည့်ခင် အရင်သေသွားမှာစိုးလို့ //
နားထဲ ပြန်ကြားယောင်မိတဲ့ ဆာမူရိုင်းကိုယ်တော်လေးရဲ့ စကား ...
တကယ်ပဲ သူအပြစ်မပေးလိုက်နိုင်သေးခင် Junya သေသွားမှာ စိုးခဲ့သည်ထင်သည် လက်မောင်းမှာ ဆေးထည့်ပေးထားတဲ့ ပတ်တီးဖြူဖြူတွေဆီက ခပ်တင်းတင်း စပ်ဖျဉ်းဖျဉ်း ခံစားနေရတယ် ။
YOU ARE READING
Under The Falling Sakura [Hiatus]
Fanfictionချယ်ရီ နဲ့ ဆာမူရိုင်း ... ချယ်ရီတွေကြွေရင် Junyaကတော့ အတိတ်ကာလက အသက်စွန့်ခဲ့ကြတဲ့ ဆာမူရိုင်းတွေကို သတိရမိတော့တာပဲ ။