Zawgyi Version
နီရွန်မီးရောင်တို့ ကင်းတဲ့ Sengoku ကာလရဲ့ နေဝင်ချိန်ဟာ လက်ရှိမျက်မှောက်ခေတ်ထက် စောလွန်းတယ်လို့ Junya ထင်မိသည် ။ နေဝင်သွားသည်နှင့် အရာရာဟာ ပိန်းပိတ်အောင်မှောင်ပြီး တိတ်ဆိတ်လို့ ။ ချက်ချင်းဆိုသလို ညဥ့်ပိုးကောင်တို့ အော်မြည်သံဟာ တစီစီကြားလာရသည် ။
Junya ရောက်နေတဲ့ Sengoku ကာလ ၊ ပတ်ပတ်လည်သစ်သားနံရံတွေ ကာရံထားပြီး မျက်နှာစာမှာ အတွင်းကို မြင်နိုင်ရုံလောက် အနေအထားရှိတဲ့ သစ်သားတန်းစိပ်စိပ်တွေ ကာရံထားတဲ့ အချုပ်ခန်းထဲမှာ အလင်းရောင်ဆိုလို့ နံရံတဖက် အတော်မြင့်မြင့်မှာ ဖောက်ထားတဲ့ သေးငယ်တဲ့စတုရန်းပုံ အပေါက်ငယ်က ဖြာကျနေတဲ့ လရောင်သာရှိတယ် ။ အချုပ်ဆောင်ကြီးထဲမှာ ခပ်မှောင်မှောင် အချုပ်ခန်းတွေဟာ အတန်းလိုက်ရှိနေပြီး မျက်နှာခြင်းဆိုင်အခန်းမှာလည်း အချုပ်သားမရှိ ၊ ဘေးကပ်လျှက်မှာလည်း အချုပ်သား မရှိ၍ထင်သည် ဘာသံမှမကြားရ တိတ်ဆိတ်လို့နေ၏ ။
Junya တစ်ယောက် နံရံအမြင့်က လေးထောင့်အပေါက်လေးဖက် မျက်နှာမူကာ မြင်နေရတဲ့ ကောင်းကင် အပိုင်းအစကို အကြောင်းမဲ့ ထိုင်ငေးနေမိသည် ။
ကြယ်လေးတွေ ....
မြင်နေရတဲ့ လေးထောင့်ကွက်သဏ္ဍန် ကောင်းကင်သေးသေးလေးမှာ ကြယ်လေးတွေ ပြွတ်သိပ်လို့ ...
Junya လာခဲ့တဲ့ နီရွန်မီးရောင်တောက်ပတဲ့ မျက်မှောက်ခေတ်ရဲ့ ကောင်းကင်မှာ မော့ကြည့်ပြီး ဖြဲရှာရင်တောင် မတွေ့ရတော့တတ်တဲ့ ကြယ်လေးတွေဟာ အခု အချုပ်ခန်း ပြတင်းပေါက်ကနေ ပြွတ်သိပ်စွာ မြင်နေရတာ Junya ကို တနည်းလွမ်းဆွတ်စေသည် ။
" အတိတ် ... အတိတ်ဆိုတာ တကယ်တော့ လွမ်းမောဖွယ်ရာပဲ ! အခုမြင်နေရတဲ့ အနာဂတ်မှာ တွေ့ရခဲသွားပြီဖြစ်တဲ့ ကောင်းကင်က လွမ်းမောစရာ ဖြစ်သလို .... အတိတ်မှာ ကျန်နေခဲ့တဲ့ အနာဂတ်က ကိုယ့်ဘဝကလည်း လွမ်းစရာပဲ "
YOU ARE READING
Under The Falling Sakura [Hiatus]
Fanfictionချယ်ရီ နဲ့ ဆာမူရိုင်း ... ချယ်ရီတွေကြွေရင် Junyaကတော့ အတိတ်ကာလက အသက်စွန့်ခဲ့ကြတဲ့ ဆာမူရိုင်းတွေကို သတိရမိတော့တာပဲ ။