Zawgyi Version
*ဒုန်း ဒုန်း ဒုန်း *
တံခါးအပြင်က ထုရိုက်သံတွေလို ကြားမှ Junya လန့်နိုးလာတယ် ။ သူတညလုံး အတွေးရေယဉ်ကျောမှာ နစ်မျောပြီး အိပ်မပျော်နိုင်ဖြစ်နေခဲ့ရာက မိုးလင်းခါနီးမှ မှေးကနဲ အိပ်ပျော်သွားခဲ့သည်ထင်သည် ။
*ဒုန်း ဒုန်း ဒုန်း *
"လာပြီ လာပါပြီ "
Junya အသံပြန်ပေးရင်း ခန်းဆောင်ထိုးတံခါးကို အပြေးဖွင့်လိုက်တယ် ။
" သြော် Junya sama အိပ်ပျော်နေတာလား? ကျွန်တော်မျိုးက အော်ခေါ်နေတာ ထူးသံမကြားတာနဲ့ ဘာများဖြစ်လို့လည်းလို့ တံခါးကို အတင်းထုနေမိတာ !"
တနေ့က ဒီသစ်သားအဆောင်ကို လိုက်ပို့တဲ့ အစောင့်ပင် ။ သူမျက်နှာက ပုံမှန်ပဲ ။ ဒါ့အပြင် သူအမူအရာက အဆောင်တံခါးကို အသံကျယ်အောင် ထုနေမိလို့ အားတုန့်အားနာ ပုံပေါက်နေသေးတယ် ။ ဒါဆို သူ့ကို စီရင်ဖို့ လာဖမ်းတာတော့ မဟုတ်သေးဘူး ထင်တယ် ။
ဒါက Junya ရဲ့ အတွေးဖြစ်သည် ။
မနေ့ညကအိပ်မရသည့် အကြောင်းအရင်းက သိခဲ့ကြတဲ့ အတိုင်း နေဝင်ရီတရော မြားပစ်ကွင်းထဲက မရည်ရွယ်ခဲ့သော အကြင်နာတစ ။
အသက်နဲ့ ခန္ဓာ အိုးစားကွဲလောက်သည့် အတင့်ရဲမှု ။
သခင်လေးဟာ နေရာတင်မစီရင်ပဲ ဘာလို့ သူ့ကို ချမ်းသာပေးခဲ့ပါလိမ့် ။
ဒီမေးခွန်းကို ဖြေတိုင်း အဖြေမရောက်နိုင်ပဲ အမေးတွေသာ ပိုပိုတိုးပွားလာခဲ့သည် ။ ညတွင်းချင်း တောင်းပန်ဖို့ စိတ်ကူးခဲ့ပေမယ့် သူသွေးက အဲ့သလောက်မရဲ ။
အဲ့ဒါထက်ဆိုးတာက သူဘာကြောင့် Yuukimaru နှုတ်ခမ်းပါးတွေကို ......
အဲ့ဒီ့အချိန်က အချိုးမကျလှတဲ့ ခုန်လှုပ်မှု....
တဒင်္ဂအတွင်း သူ့ဦးနှောက်ဟာ ဘာတွေချွတ်ချော်သွားခဲ့ပြီး ဒီလိုအပြုအမူမျိုး လုပ်မိခဲ့တာလည်း သူကိုယ်တိုင် တွေးကြည့်လို့ကို မရ ။
Yuukimaru ရဲ့ ဆံနွယ်ရှည်တွေ....
မျက်တောင်ရှည်တွေ....
YOU ARE READING
Under The Falling Sakura [Hiatus]
Fanfictionချယ်ရီ နဲ့ ဆာမူရိုင်း ... ချယ်ရီတွေကြွေရင် Junyaကတော့ အတိတ်ကာလက အသက်စွန့်ခဲ့ကြတဲ့ ဆာမူရိုင်းတွေကို သတိရမိတော့တာပဲ ။