နာကျင်​စွာချစ်​မိကြတဲ့အခါ💔

1.1K 65 0
                                    

"တိုးတိုး​ရေ ငါ့ကို ဒီစာ​လေးရှင်းပြပါလားဟ"😔

"ဟဲ့နင်​က အိမ်​မှာ စစ်​​လေး တစ်​​ယောက်​လုံးရှိ​နေတာကို ဘယ့်​နှယ်​တိုးတိုးကို လာရှင်းပြခိုင်း​နေရတာလဲ"😒

"မဒီ မဲမ ပါးစပ်​က​လေးပိတ်​ထားစမ်းပါ လူကမဲသ​လောက်​ စွာတယ်​ နင့်​​မေး​နေလို့လား ငါတိုးတိုးကို​မေးတာ"

"​အေးဟယ်​ မဒီကလည်း ညီညီကငါ့ကို​မေးတာကို"

"အမယ်​​လေး​နော်​ မ​ပြောချင်​ဘူး သူ့အ​ကောင်​ထိရင်​ တီ​တောင်​ဆားဖြူးခံရသလို ဖြစ်​​နေတယ်​"😌

မဒီမှာ တိုးတိုးနဲ့ ညီညီ အတွဲညီ​နေသည်​ကိုကြည့်​မရ အမြဲတမ်းရန်​စလိုက်​ရမှဖြစ်​သည်​။

စစ်​သီဟကိုတစ်​​ယောက်​ ​ဘေးတွင်​ပွစိပွစိပူညံ​နေ​သော သုံး​ယောက်​ပို ဘုကြည့်​ကြည့်​လိုက်​​လေသည်​။

Exam ဒီ​လောက်​နီး​နေ​သော်​လည်း ဟိုသုံး​ယောက်​မှာ စကား​ပြောမပျက်​ တိုးတိုးကနဂို​တော်​လို့ထားပါဦး.။

ဟိုနှစ်​​ယောက်​ကအဲ​လောက်​ အဆင့်​​နောက်​ဆုံး​ရောက်​​နေတာ​တောင်​ မဖြုံကြ။

"ညီညီ မင်းစာမလုပ်​ဘူးလား မင်း​ခွေးကျ ကျချင်​လို့လား။

မင်းဒီလိုလုပ်​​နေရင်​ မင်း​ယောက်​ဖ သိကြားမင်းကယ်​တာ​တောင်​ မ​အောင်​ဘူးသိလား "

"ဟာဗျာ ကိုကိုကလည်း ကျွန်​​တော့ဆို ​အော်​ဖို့ချည်းပဲ့ ကိုကိုရှင်းပြမှာလား"

"​အေး ငါရှင်းပြမယ်​ ယူလာ"

"OMG ကိုကိုက😱😱😱

ကျွန်​​တော့ကို စာရှင်းပြမယ်​ ဒီနှစ်​​တော့ ​အောင်​ပြီထင်​တယ်​"

စစ်​သီဟကိုသည်​ ထို​ကောင်​​လေးအိမ်​​ရောက်​လာကတည်းက အမြင်​မကြည်​ခဲ့။

တုံးအလွန်းသည်​ကတစ်​​ကြောင်း မျက်​လူံးထဲတွင်​ပင်​ ကန့်​လန့်​ခံ​နေသည်​။

သို့​သော်​ ထို​ကောင်​​လေး အခြားသူနှင့်​ရင်းနှီး​နေလျှင်​လည်း သ​ဘောမကျ​ပေ။ ထို့​ကြောင့်​သူ လိုက်​ပိတ်​ပင်​မိသည်​ ။
အခုလည်းတိုးတိုးဆီစာ​မေး​နေသည်​ကို သူ့မျက်​လုံးထဲတွင်​ဘ၀င်​မကျ....

နာကျင်​စွာချစ်​မိကြတဲ့အခါ💥Where stories live. Discover now