Note
စာလုံးပေါင်းလေးတွေ မှားနေရင် ခွင့်လွှတ်ပေးကြပါနော်😥
အတတ်နိုင်ဆုံးတော့ ပြန်စစ်ထားပါတယ်
အခုလိုဖတ်ပေးတဲ့ Reader တစ်ယောက်ချင်းစီကိုလည်း လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိပါတယ်
Thank You all ❤
💥💥💥💥💥💥💥
စစ်သီဟကိုတို့ သည်လူကုံထံ အသိုင်းအ၀ိုင်းက
ဖြစ်သောကြောင့် အိမ်မှာ ခြံအကျယ်ကြီး နှင့်
သုံးထပ်တိုက်ကြီးဖြစ်သည်။်ခြံထဲ၌.........
ကားနှစ်စင်းရပ်ထားပြီး ခွေးစုတ်ဖွားလေးတစ်ကောင်ရှိသည်။
် ခြံထဲတွင် နှင်းဆီပန်းများကို စိုက်ထားသည်။🌹🌹🌹
ဒေါ်မြင့်မြတ်သန္တာသည် ပန်းစိုက်ရတာ ၀ါသနာထုံသော
ကြောင့် ပြင်ဦးလွင်မှ ပန်းမျိုး များကို သီးသန့်မှာယူ၍ စိုက်ပျိုးထားသည်။အိမ်ဧည့်ခန်းတွင် ကျွန်းသစ်ဖြင့်ပြုလုပ်ထားသော ခုံများဖြင့်အလှဆင်ထားပြီး နံရံတွင် မိသားစု ဓာတ်ပုံကြီးကို အလှချိတ်ထားသည် ။
ထိုဓာတ်ပုံထဲ၌ကား စောညီမင်းမြတ်မပါသေး ......
ဦးသီဟ မှာ ညီညီအားမွေးစားသည့်အချိန်ကစပြီးအခုထ
ိ မြန်မာပြည်သို့ပြန်မလာသေးသောကြောင့် မိသားစုဓာတ်ပုံ အသစ်မရိုက်ရသေးပေ......
အလယ်ထပ်တွင် စစ်သီဟကိုအခန်းနဲ့ စောညီမင်းမြတ်အခန်းမှာ မျကှ်ာချင်းဆိုင်ဖြစ်သည် ။
အိမ်ရောက်လာစက တစ်ခန်းတည်းထားသော်လည်း
သားအဖြစ်မွေးစားလိုက်သည့်အချိန်တွင် သီးသန့်အခန်းဖြင့် နေစေခဲ့သည်.....အိမ်အပေါ်ဆုံးထပ်တွင် လသာဆောင်လေး ရှိသည် ....
ညီညီသည် ရွာမှာကတည်းကသီချင်းဆို
ဝါသနာပါသောကြောင့် အားသည့်အချိန်များတွင် လသာဆောင်၌ ဂီတာဖြင့် သီချင်းညည်းလေ့ရှိသည်🎶🎶🎶