တီတီ တီတီ တီတီ⏳⏰
ရန်ကုန်မြို့ရဲ့ အာရုဏ်ဦး🌞
ကောင်းကင်မှာ ပုဇွန်ဆီအရောင်ရှိ၍ နေလုံးကြီးမှာ မနက်လင်းစပြုလေပြီ
စစ်သီဟကိုနဲ့ ညီညီတို့နေရာ ရပ်ကွက်က လူကုံထံ အသိုင်းအ၀ိုင်းဖြစ်သောကြောင့် ရွာမှာလို ကြက်တွန်သံဆိုတာမရှိ🐔
အိမ်ခန်းမှာ မိတ်ကပ်ရောင်လိုက်ကာများဖြင့် ပိတ်ထားသောကြောင့် အလင်းရောင်တစိုးတစိမျှမ၀င်။
Aircorn 16°C ဖြင့် တောသားလေး ညီညီမှာ စောင်ပုံထဲကွေးလျက် အိပ်ပျော်နေဆဲ........
ကြက်တွန်ဆိုလျှင် ထ၍အိမ်အလုပ်လုပ်ရသော ညီညီမှာ
မြို့အိမ်ကမွေ့ရာနှင့်တွေ့လေသော် တုတ်တုတ်မျှမလှုပ်
ဇိမ်အပြည့်ဖြင့် စက်တော်ခေါ်နေလေသည်....."ဒေါက"် ဒေါက် "အကိုလေးရေ အကိုလေး......"
မမကြီး မနက်စာစားဖို့ခေါ်နေတယ် အိပ်ရာနိုးရင် ဆင်းလာခဲ့ပါတဲ့ ညီညီကိုလည်းခေါ်ခဲ့ပါတဲ့
"အေး"....
အိပ်ရာနိုးစ စစ်သီဟမှာ မျက်လုံးမပွင့်တပွင့်ဖြင့် အိပ်ရာမှအားယူကာထလေသည်။
မနေ့ အိမ်သာကိစ္စဖြေရှင်းရင်း ဒီငပိန်းကိုတော်တော်
စိတ်ကုန်သွားခဲ့သည်။အခုလည်း အိမ်ရှငိထက်အရင်ဦးအောင် နိုးနေရမည့်အစား
အိပ်ရာထဲ သိုးအောင် အိပ်နေပါရောလား.....
ဒီကောင်လေးနဲ့တော့ ဘယ်လိုရှေ့ဆက်ရမလဲမသိဟိတ် ညီညီ ဟိတ်ကောင် ထတော့...
စောသုတညီအား စစ်သီဟကိုတစ်ယောက်ခြေထောက်နဲ့ကန်ကာ အိပ်ရာနိုးလေသည်။
သို့သော်ငြားလည်း ညီညီမှာ အိပ်မက်ထဲ နတ်သမီးငါးရာနဲ့ တွေ့နေလားတောင်ထင်ရ ။
ပါးစပ်မှာလည်း သွားရည်များဖြင့် မျက်လုံးမှာလည်း မျက်ချေးများနှင့် ကြည့်ချင်စရာတစ်ကွက်မှမရှိ😐