Part-1 ~​နေရာသစ်​~

6.2K 444 35
                                    

ဘုရားသခင်​...

မွေးဖွားကတည်းက ကွဲကွာဖို့သတ်​မှတ်​ပြီးသား

လူနှစ်​​ယောက်​ကို ဘာအ​ကြောင်း​ကြောင့်​များ

တွေ့ဆုံခွင့်​​ပေး​နေခဲ့​သေးသလဲ?

°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,

>>2018 ခုနှစ် ​ဆိုးလ်​မြို့<<

နာရီ​ပေါင်းများစွာ ကုန်​ဆုံးသွားပြီးတဲ့​နောက်​မှာ​တော့ Operation Room မှ သူထွက်​လာနိုင်​ခဲ့ပြီ။

"ဆရာ...ပင်​ပန်းသွားပါပြီ "

ခွဲခန်းအတူဝင်​ခဲ့တဲ့ အကူNurse​လေး
Byun Baekhyun က သူ့ကိုရိုရို​သေ​သေနှုတ်​ဆက်​ရင်း တက်​ကြွ​သော​ခြေလှမ်းများနှင့်​သူ့​ရှေ့မှ​ကျော်​တက်​သွားသည်​။

LuHan လည်း ထို​ကောင်​​လေးအရွယ်​က ​​​တော်ရုံဆို မပင်ပန်းတတ်ခဲ့ပေမယ့်​​​​​​​ အခုများ​တော့ အသက်က​လေးရလာခဲ့ပြီဖြစ်​တာ​ကြောင့်​ထင်​သည်​။နုပျို​နေ​သေး​ပေမယ့်​ ထိုအရွယ်​ကလို ဖြတ်​လတ်​တက်ကြွ​မှု​တွေက​တော့​ ပျောက်​ဆုံးစပြုလို့​နေ​လေပြီ။

LuHan ဆိုသည်​က အသက်​ ၄၀ ရှိပြီဖြစ်​တဲ့
နှလုံးအထူးကုဆရာဝန်တစ်​ဦး။ သို့​ပေမယ့်​ တချို့လူ​တော်​​တော်​များများက​တော့ သူ အသက်​၄၀ လို့​ပြောရင်​မယုံတတ်​ကြ။ အလွန်​ဆုံးမှ ၃၀​ကျော်​​ကျော်​​ပေါ့ဟုပြန်​​ပြောတတ်​ကြ​သေးသည်​။

ဆိုးလ်​ပြည်​သူ့​ဆေးရုံကြီး။

"Dr.Lu အိမ်​ပြန်​​တော့မယ်​​ပေါ့ "

သီးသန့်​​ပေးထားတဲ့အခန်း​လေးထဲ
ပစ္စည်း​တစ်​ချို့ကို အိတ်​ထဲထည့်​​နေတဲ့LuHan အား အလုပ်ေ​ဖာ် ​Dr.Yixing က ပြုံးကာ​မေးလာသည်​။

" ဟုတ်​တယ်​ Yixing shi "

LuHan မိမိရဲ့ ကိုယ်​ပိုင်​စားပွဲ​လေး​ပေါ်မှ ပစ္စည်း​လေး​တွေကိုသပ်​သပ်​ရပ်​ရပ်​ဖြစ်ေ​​အာင် ​တစ်​ချက်​စီလိုက်ပြီးအိမ်​ကိုယူသွားမည့်​ ​ဘေးလွယ်​အိတ်​ကို​ကောက်​လွယ်​လိုက်​သည်​။

ငယ် ချစ် ဦးWhere stories live. Discover now