Part-9 ~မ စတင်​ခြင်းက အဆုံးသတ်​ပြီ~

1.8K 335 37
                                    

ဘုရားသခင်​ ...

အချစ်​က စစ်​ပါလျက်

တစ်​ယောက်နှင့်​တစ်​​ယောက်​ဟာ ချစ်​ပါလျက်

ကံကြမ္မာ အရ ကွဲကွာရခြင်းမှာ

သင်​ရဲ့ ပ​ယောဂ ပါ​ပေလား?

°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,

<<<2018ခုနှစ်​ ဆိုးလ်​မြို့ >>>

နံနက်​ခင်း တစ်​round လှည့်​အပြီး အ​ထွေ​ထွေ​ရောဂါရှာ​ဖွေ​ရေးအ​ဆောင်​ဘက်​ကို အ​ရောက်​ စမ်းသပ်​ခန်းရဲ့အပြင်​ဘက်​တစ်​​နေရာမှာ ထိုင်​​​နေသော Nurse က​လေး Baekhyun ကို LuHan ​တွေ့လိုက်​ရသည်​။

ခုံတန်း​လေးတွင်​ ထိုင်​​နေ​သော Baekhyun ၏ နံ​ဘေးတွင်​ ၁၀နှစ်​၊၁၁နှစ်​အရွယ်​ က​လေး​မလေးတစ်​​ယောက်​လည်းရှိ​နေသည်​။ LuHan သူတို့အနားကို ​ရောက်​လာတဲ့အခါ Baekhyun က သူ့ကိုမြင်​သွားပြီး နှုတ်​ဆက်​လာသည်​။

"ဆရာ..Morning Roundလှည့်​ပြ်ီးပြီ​ပေါ့ "

" ဟုတ်​တယ်​..မင်းက ဒီမှာဘာလုပ်​​နေတာလဲ Baekhyun ? ..ဒါက မင်းညီမ​လေးလား? "

" ဘယ်​ကသာ...ဆရာကလည်း...
ဒါ လူနာတစ်​​ယောက်​ရဲ့ သမီး​လေးပါ
လူနာက စမ်းသပ်​ခန်းဝင်​​နေလို့ ကျ​နော်​​အတူထိုင်​​စောင့်​​ပေး​နေတာ "

"​သြော်​.. "

ဆံပင်​ရှည်​ကိုကြက်​​တောင်​စည်းထား​သော ​က​လေးမ​လေးသည်​ မျက်​လုံးဝိုင်းဝိုင်း​လေးများဖြင့်​ မြင်​သူတိုင်းချစ်​ခင်​စဖွယ်​​ဖြစ်သည်​။က​လေးချစ်​​​သော Baekhyun တစ်​​ယောက်​ ဝယ်​​ကျွေးထားပုံရ​သည့်​ ​ကိုလာနှင့်​ဘာဂါက ထိုက​လေးမ​လေး၏ လက်​နှစ်​ဖက်​မှာအပြည့်​ရှိ​နေ​သေးသည်​​။

"သမီး.. "

ခေါ်သံတစ်​ခု​ကြောင့်​ သူတို့သုံး​ယောက်​လုံး အသံလာရာကိုလှည့်​ကြည့်​မိသွားသည်​။အသံပိုင်​ရှင်​ လူရွယ်​က က​လေးမ​လေးဆီကို မြန်​မြန်​​လေး​လျှောက်​လာပြီး

"သမီး​မေ​မေ စမ်းသပ်​ခန်းဝင်​သွားပြီလား? "

"ဟုတ်​တယ်​..​ဖေ​ဖေက ​နောက်​ကျ​နေတာကိုး"

ငယ် ချစ် ဦးWhere stories live. Discover now