ဘုရားသခင်...
နဖူးစာပါလျှင် ဘယ်သူဖျက်ဖျက်
မပျက်ဟု ပြောစမှတ်ရှိကြသည်။ သို့ဆိုလျှင်
သူနှင့် ကျွန်ုပ်သည် နဖူးစာကို မပါခဲ့သည်လား?။
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
>>>2018ခုနှစ် ဆိုးလ်မြို့ <<<
LuHan ရဲ့လက်ထဲမှာ လက်တစ်ဆုပ်စာ ပုလင်းသေးသေးလေးရှိနေသည်။ ကြည်နေတဲ့ ထိုပုလင်းဖြူလေးက လေရဟတ်ကြီးထဲက ရခဲ့တဲ့ ပုလင်းလေးဘဲဖြစ်သည်။ ထိုနေ့က အိမ်အထိသယ်လာတဲ့ Cosmosပန်းတွေကို ပုလင်းလေးထဲထိုးစိုက်ထားခဲ့သည်။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာပြီး ပန်းလေးတွေက ညှိုးရာမှ နွမ်း၊ နွမ်းရာမှ ယခုမူ အမှုန့်မည်းမည်းတွေအဖြစ်သာ ကျန်ရှိတော့သည်။
ယခုဆို နှစ် ၂၀ တောင် ရှိခဲ့ပြီဘဲ။
ပုလင်းထဲက ပန်းတွေရဲ့ ချောကလက်အနံ့တွေတောင် ပြယ်နေပြီပေါ့။"သား..မအိပ်သေးဘူးလား? "
Appa က LuHan ရှိနေတဲ့ ခြံထောင့်ကလေးကို ဖြေးဖြေးချင်းလျှောက်လာသည်။
"ညနက်နေပြီလေ...မနက်ကျ ဆေးရုံသွားရဦးမယ်မလား? "
" လေညှင်းခံနေတာပါ Appa ခဏနေ အိပ်တော့မှာ..Appa ကရော ဘာလို့ မအိပ်သေးဘဲ ခြံထဲဆင်းလာတာလဲ? "
"ဒီလိုပါဘဲကွာ..အသက်ကြီးလာတော့ အိပ်ချင်တိုင်းလည်း အိပ်မပျော်ပါဘူး..အတွေးတွေက တောင်ရောက်မြောက်ရောက်နဲ့လေ "
Appa က ညည်းညည်းငြူငြူပြောရင်း LuHan ရဲ့ လက်ထဲက ပုလင်းသေးသေးလေးဆီ အကြည့်ရောက်လာသည်။ ပြီးနောက် LuHan ကို ကြည့်လာ၏။
" သတိရနေပြန်ပြီလား? "
LuHan နာကျင်စွာပြုံးလိုက်သည်။ သတိရနေပြန်တာမဟုတ်ပါဘူး။ အချိန်တိုင်း သတိရနေတာပါဆိုတဲ့အကြောင်းကိုတော့ ထုတ်မပြောဖြစ်တော့။ Appa ကိုဆက်ပြီး မမေးစေချင်သောငှါ ပုလင်းလေးကို လက်သီးဆုပ်ထဲပျောက်သွားအောင် ဆုပ်ထားမိသည်။
YOU ARE READING
ငယ် ချစ် ဦး