ဘုရားသခင် ...
အသင်ဟာ တရား မျှတမှုရှိတယ်လို့
လူတွေပြောကြတယ် ...သို့ပေမယ့်
ကျွန်ုပ်အပေါ်တော့ အသင် မမျှတစွာ
ရက်စက်ခဲ့ပါတယ်
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
နောက်တစ်နေ့ နံနက်စောစောမှာတော့ Oh Sehun ဟာ သူ့စကားအတိုင်းဘဲ စက်ဘီးတစ်စီးနဲ့ LuHan တို့ အိမ်ရှေ့ကို ရောက်လာသည်။
"အဖျားက ပျောက်ရောပျောက်သေးလို့လား? "
"အင်း "
"ခေါင်းငုံ့ "
ခါးလျားရှည်ကို ကိုင်းကာ ခေါင်းငုံ့ပေးလာတော့ LuHan ရဲ့ လက်က သူ့နဖူးကို သွားပြီး စမ်းကြည့်လိုက်သည်။ အပူရှိန်တော့ မနေ့ညကလောက် မရှိ။ လက်ဖဝါးတင်ပြီး ပူမပူ စမ်းကြည့်နေတဲ့ LuHan ကို သူက ပြုံးလို့ ငုံ့ မိုး ကြည့်နေပေမယ့် အပူရှိန်ကိုသာ အာရုံစိုက်နေတဲ့ LuHan ကတော့ မသိပါဘူး။ မျက်လုံးချင်း ဆုံမိသွားကာမှ ပိုင်စိုးပိုင်နင်းတင်ထားမိသော မိမိလက်ကို ပြန်ရုတ်ယူမိတော့လေ၏။
"ဒါဆို သွားကြမလား Hyung? "
ခေါင်းငြိမ့်ပြပြီးတာနဲ့ စက်ဘီးနောက်ခုံမှာ LuHan တက်ထိုင်လိုက်သည်။ နေကောင်းစ သူ့ကို မပင်ပန်းစေချင်သော်လည်း ပြောမရတာကိုသိတာမို့ LuHan အပိုစကားအဖြစ် မငြင်းခုံဖြစ်တော့။ သူနင်းသော စက်ဘီးနောက်မှာ ငြိမ်ငြိမ်သာ လိုက်ပါလာခဲ့သည်။
အမှန်တော့ ဒီနေ့က ကျောင်းပိတ်ရက်မဟုတ်။ သူက နေမကောင်းလို့ခွင့်ယူထားပေမယ့် LuHan ကတော့ သူ့အတွက် ကျောင်းတစ်ရက်ပျက်ရသည်။Appa ကိုကြိုတင်အသိပေးတော့ သိပ်သဘောမကျသော်ငြား တစ်ရက်တစ်လေမို့ LuHan့ကို မဆူပါ။နောက်ပြီး LuHan့ကို Appa က ဒီမြို့လေးမှာ နေသားကျပြီးပျော်ရွှင်စေချင်တာလည်းပါသည်။ အခုလို LuHan က သူနဲ့ လျှောက်လည်မလို့ဆိုပြီး ပြောပြတော့ Appa က အနည်းငယ်တောင် အံ့သြနေခဲ့ပါသေးသည်။ နောက်တော့ မရောက်ဖူးသေးတဲ့နေရာတွေကို သွားပြီး ပျော်ပျော်ကြီး လည်ပတ်ခဲ့ဖို့ ပြောလာခဲ့သည်။
YOU ARE READING
ငယ် ချစ် ဦး