ဘုရားသခင်...
လိမ်ညာတဲ့လူတွေက အပြစ်ထိုက်တယ်ဆိုရင်
စတင်ခြင်းမှသည် အဆုံးသတ်ခြင်းထိတိုင်
လိမ်ညာခဲ့သော သူ့ကိုတော့ဖြင့်
ကျွန်ုပ်ရဲ့ကျေနပ်မှုဖြင့် ခွင့်လွှတ်ပါလေ။
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
"LuHan ဒီစာအုပ်က ပြီးခဲ့တဲ့နှစ်က စီနီယာကျောင်းသားတစ်ယောက် ငါ့ကိုပေးသွားတဲ့ Note စာအုပ်လေ..လာမယ့်စာမေးပွဲအတွက် အများကြီး အသုံးဝင်မှာသေချာတယ် ငါကကြည့်ပြီးပြီမို့လို့ နင့်ကို ငှါးမယ် "အပြုံးကြည်ကြည်နှင့် ကမ်းပေးလာသော သူမရဲ့ စာအုပ်ကို LuHan တွန့်ဆုတ်စွာလက်ခံယူလိုက်သည်။
"နေ့လည်Lunch ကို ငါနဲ့တူတူစားရအောင်လေ "
"ဟင်?....အ တူ တူ? "
"အွန်း..ငါ ဆရာမရုံးခန်းကိုဝင်စရာရှိသေးလို့ နည်းနည်းတော့ နောက်ကျမှာ ..နင်က အရင်သွားပြီး စောင့်နေပေးနော် ရတယ်မလား? "
"အင်းး "
ခေါင်းငြိမ့်ပြလိုက်တော့ သူမက ကျေနပ်သွားပြီးရှေ့ တည့်တည့်သို့ပြန်လှည့်သွားသည်။ ကျောင်းတက်တာ တစ်လရှိပြီဖြစ်တဲ့အချိန်မှာ ဆရာမက ကနဦးပြောခဲ့သလိုဘဲ LuHan ကို ရှေ့ဆုံးခုံဆီနေရာ ရွှေ့ပေးထားသည်။ ထိုနေရာမှ ဘေးချင်းကပ် လျှောက်လမ်းသေးသေးကိုခြားလျှင်တော့ သူမ ထိုင်သောခုံဖြစ်သည်။
ပိတ်ရက်တုန်းက စာကြည့်တိုက်မှာ စကားအနည်းငယ်ပြောခဲ့ရရုံအပြင် အခုလို စာသင်ခုံ နေရာကပါ ကပ်လျက်ဖြစ်သွားသောအခါ သူမနဲ့ LuHan ပိုပြီး စကားတွေပြောဖြစ်သည်။ပိုပြီးရင်းနှီးခဲ့သည်။ အဲ့ဒီအတွက် LuHan ရဲ့ ရင်ထဲမှာလည်း မဝံ့မရဲစွာနဲ့ဘဲ တိတ်တဆိတ် ပျော်ရွှင်နေမိသည်။
YOU ARE READING
ငယ် ချစ် ဦး