ဘုရားသခင်...
ကျွန်ုပ်၏ Hun အား
နောက်တစ်ကြိမ်တွေ့ခွင့်ရအောင်
ဖန်တီးပေးခဲ့သဖြင့် ကျေးဇူးတင်ပါသည်။
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
" Hun!!! "
မပိတ်ထားသော ပြတင်းပေါက်မှ မျက်စိစူးစေနိုင်သော လျှပ်စီးရောင်သည် အခန်းတွင်းသို့လည်း ဝင်ရောက်လာခဲ့သည်။ တလွင့်လွင့် တလူးလူးပြေးနေသော လိုက်ကာဖြူ၏တစ်ဖက် ပြင်ပတွင် မိုးသည် ဒေါသထွက်နေသလိုမျိုး သည်းကြီးမည်းကြီးရွာသွန်းနေသည်။
နှစ်တော်တော်ကြာမမက်ဖြစ်တော့တဲ့ အိမ်မက်ကို ဂယောင်ဆန်းမြို့ကပြန်လာပြီးနောက်ပိုင်း ညတိုင်းပြန်မက်လာသည်။ သူ မရှိတော့တာကိုသိခဲ့တဲ့ အဲ့ဒီနေ့။ LuHan ရဲ့ အသည်းနှလုံးတွေ တစစီဆုပ်ဖြဲခံရသလို နာကျင်ခဲ့တဲ့ အဲ့ဒီနေ့အကြောင်း။
အိမ်မက်ထဲမှာဘဲ ငိုလို့ မဝ၍ထင်။ ပြင်ပလောကမှန်မှာလည်း LuHan ရဲ့ ပါးပြင်နှစ်ဖက်လုံး မျက်ရည်မိုးတို့ကအပြည့်။
ကုတင်၏နံဘေးမှစားပွဲပေါ်ရှိ Photo standလေးကို လှမ်းယူလိုက်ပြီး ရင်ထဲပွေ့ပိုက်ထားလိုက်သည်။နာကျင်စူးအောင့်မှုများ အနည်းငယ် သက်သာလိုသက်သာငြား။
ဓာတ်ပုံထဲမှာ အရပ်ရှည်ရှည်နဲ့ သူက LuHan ကို သူ့ရင်ခွင်ထဲရောက်အောင်ဖက်ထားပြီး မျက်စိတွေမှိတ်သည်ထိပြုံးနေသည်။ LuHan ကတော့ အူကြောင်ကြောင် မထုံတက်ထေးရုပ်ကလေးဖြင့်။
ဒီပုံလေးက သူနဲ့ Date မမည်သော Dateလုပ်ခဲ့တဲ့နေ့က ရိုက်ခဲ့တဲ့ဓာတ်ပုံဖြစ်သည်။ သူ မရှိတော့ဘူးဟုသိခဲ့ရသည့်နေ့က LuHan သူ့ပစ္စည်းတွေကြားထဲက ပြန်ရှာတွေ့လို့ ယူခဲ့တဲ့ဒီပုံလေး။
မှန်ဘောင်ထဲကထုတ်ကာ ဓာတ်ပုံ၏ကျောဘက်ကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့...LuHan ရဲ့ ရင်နှလုံးက ကျပ်တည်းလို့လာပြန်ခဲ့သည်။
YOU ARE READING
ငယ် ချစ် ဦး