ဘုရားသခင်...
အဲ့ဒီနေ့က ကျနော် သူ့ ကို ဖွင့်မပြောဖြစ်ခဲ့ရင်
ကျနော်တို့ ဒီနေ့ ဒီလိုဝေးနေပါဦးမလား အရှင်?
ဒါမှမဟုတ် သူ့အနားမှာ နေရတဲ့အချိန်ကလေး
နည်းနည်း ပိုရကောင်းနိုင်မလား အရှင်သခင်?
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸.
ယနေ့က ကိုရီးယားနိုင်ငံ၏ ကျေးဇူးတော်နေ့ သို့မဟုတ် ကောက်သစ်စားပွဲတော်နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် LuHan တို့ သားအဖနှစ်ယောက် တစ်ကြိမ်တစ်ခါမျှ ကောင်းကောင်းပါဝင် မဆင်နွှဲဖူးသော ပွဲတော်လည်းဖြစ်သည်။
ဂယောင်ဆန်းမြို့သည် တောင်ယာစပါးအဓိက စိုက်ပျိုးရာဒေသဖြစ်သည့် အလျောက် ကောက်သစ်စားပွဲကို ပွဲကြီးလမ်းကြီး ကျင်းပကြသည်။ ရပ်ကွက်တိုင်းတွင် အိမ်ထောင်စု လေးငါးစု ဖွဲ့စည်း၍ ပွဲတော်ရက်မတိုင်မှီ ကတည်းကပင် ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။
အထက်တန်းကျောင်းအုပ်အသစ်ဖြစ်သည့် Appa အား ပွဲတော်အတွက် ပါဝင်ဖို့လာဖိတ်ကြသော မြို့ ခံတွေမှာ သုံးလေးငါးဦး မက ရှိသည်။ Appa မှာလည်း ဘယ်အိမ်ကိုသွားရမည်မသိဖြစ်ရာမှ နောက်ဆုံး အနီးဆုံးဖြစ်တဲ့ ဘေးချင်းကပ်မှ ရာအိမ်မှူးကြီး၏ အိမ်သို့သာ သွားရောက်ခဲ့သည်။ လူကြီးဆိုတော့ စားချိန်သောက်ချိန်မှ ကပ်ပြီးသွားလျှင်လည်းမကောင်းတာမို့ နေ့လည်ကတည်းက တဖက်ခြံကိုကူးကာ ရာအိမ်မှူးကြီးနှင့် စကားဝိုင်းဖွဲ့နေလေသည်။
LuHan ကတော့ တစ်ပတ်အလိုကတည်းက အတင်းဖိတ်ထားသော အတန်းခေါင်းဆောင် ဂင်ယူဟိုတို့ အိမ်ကိုသာ Appa ကို ခွင့်တောင်းပြီးထွက်လာခဲ့သည်။ တစ်နေရာသွားဖို့ရာ စက်ဘီးတစ်စီးမရှိသည့် LuHan အတွက် Sehun ကသာ လာခေါ်သည်။
YOU ARE READING
ငယ် ချစ် ဦး