ဘုရားသခင်...
တစ်ဘဝလုံးစာ အလိုချင်ဆုံး ဆုကို
ပထမဆုံးနှင့် နောက်ဆုံး တောင်းခံပါမည်။
သူ့ကို ကျွန်ုပ်ထံ ပြန်ပို့ ပေးပါ။
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
<<<2018 ခုနှစ် ဂယောင်ဆန်းမြို့ >>>
"ဆရာရယ်..ကျနော်တို့ချည်းသွားလည်း ဖြစ်တာကို..အလကား အပင်ပန်းခံလို့ လိုက်လာသေးတယ် "
"ဘယ်အလကားဖြစ်မလဲ? လူနာတွေကိုပိုကြည့်ပေးလို့ရတာဘဲဟာ..မဟုတ်ဘူးလား? "
"ဟုတ်တာတော့ ဟုတ်ပါတယ်..ဒါပေမယ့် ကျနော်တို့မှာ ဆရာဝန်တွေလည်း အလုံအလောက်ပါတာဘဲဟာ.. ကျနော်က ဆရာ ပင်ပန်းမှာစိုးရိမ်လို့ပါ "
အထူးတလည်စိတ်ပူပေးနေသော Baekhyun ၏ ခေါင်းလေးကို LuHan က ဖွဖွပုတ်လိုက်သည်။
LuHan တို့ ဆေးရုံက နီးစပ်ရာနယ်ကို သုံးလတစ်ကြိမ်လောက် ဆေးအဖွဲ့တွေ အလှည့်ကျစေလွှတ်ကာ ရက်သတ္တပတ်ကြာမျှ ပရဟိတဆေးပေးခန်းဖွင့်လေ့ရှိသည်။ တစ်မြို့ထဲမှာ ပုံသေမဟုတ်ဘဲ ဆေးရုံ၊ဆေးခန်း မလုံလောက်သော၊ မပေါများသော ကျေးရွာ၊ မြို့ နယ်အသီးသီးကို သွားကုပေးခြင်းဖြင့် ရွှေ့လျားဆေးပေးခန်းပုံစံမျိုး ပြုလုပ်ထားခြင်းလည်းဖြစ်သည်။
"ဆရာ့အဖေကို အိမ်မှာတစ်ယောက်တည်းထားခဲ့တာလား? "
"မဟုတ်ဘူး..အိမ်မှာ သူ့တူတစ်ယောက် အလည်ရောက်နေတယ်လေ..အဲ့တာနဲ့ Appa ကို ကြည့်ပေးထားနိုင်တယ်ဆိုလို့ စိတ်ချလက်ချ ထားခဲ့နိုင်တာ "
" သြော်... ဆရာ့အဖေဆိုမှ ကျနော် သတိရတယ်....ဆရာတို့ ဂယောင်ဆန်းမှာ နေခဲ့ဖူးတယ်ဆို ဟုတ်လား?"
LuHan ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်တော့ ဒီနယ်လှည့်ဆေးကုသရေးမှာ LuHan လိုက်စရာ မလိုပေမယ့် ဂယောင်ဆန်းကိုသွားမယ်ဆိုတာကြောင့် ဆေးရုံအုပ်ကိုခွင့်တောင်းပြီး လိုက်လာခဲ့တာဖြစ်သည်။
YOU ARE READING
ငယ် ချစ် ဦး