မြေခခဲ့သော သွေးမျက်ရည် intro 2

2.2K 73 75
                                    

ကွန်ဒိုတုက်ခန်းလေး၏ အိပ်ခန်းလေးထဲတွင် ကောင်မလေးတစ်ယောက် နှင့်အတူ လင်မယားနှစ်ယောက်လည်း အတူရှိနေသည်။ လင်မယားနှစ်ယောက်၏ အော်ဟစ်ဆဲဆိုသံတွေဟာ အိပ်ခန်းအတွင်းမှာပင် တဝဲလည်လည် ပဲ့တင်ထပ်နေသည်။
ထိုမြင်ကွင်းအား တံခါးဘောင်နှင့် အကွယ်ပြုရင်း စိုက်ကြည့်နေသည်ကတော့ ၁၀နှစ်အရွယ် ကောင်မလေးတစ်ယောက်။

"ခလွမ်း"

ယောကျာင်္းဖြစ်သူက ပန်းအိုးကို ကျွန်းစားပွဲပေါ်ကနေကိုင်ပြီး မြေပြင်ထက်ပစ်ခွဲလိုက်သည်။ အလွန်လှပသည့် ပန်းခက်တွေနှင့် ကြွေပန်းအိုးလေးသည်
တစ်ခဏအတွင်းပင် တစ်စစီပြန့်ကြဲသွားလေသည်။

"ပန်းရိပ်ချို၊ မင်းကိုငါ ဘာပြောထားလဲ။ ငါ့ရုံခန်းကို မလာပါနဲ့လို့ ပြောထားလား၊ မပြောထားဘူးလား။ လိုရင်ငါမင်း ခေါ်မှာပေါ့ကွ။ အခုလိုမျိုး ငါ့ရုံခန်းကို ဝင်ချင်တိုင်ဝင်၊
ထွက်ချင်တိုင်းထွက်ရအောင် မင်းကငါ့အမေလား။ မင်းကို မင်းမိဘတွေက မဆုံးမထားဘူးလား။"

ဒေါသထွက်ထွက်နှင့် အမေ့ကို ကျောခိုင်းသွားသည့် အဖေ့ကို
ဆူး ချောင်းကြည့်နေရင်း မျက်ရည်သွင်သွင်စီးကျနေမိသည်။ အိမ်ကို ဆူး ဧည့်သည်တွေ လာစေချင်သည်။ ထိုအချိန်တွင်တော့ ဖေဖေ မေမေ့ကို ဂရုစိုက်သည်ပင် မဟုတ်ပါလား။

"ကိုကိုရယ် ချိုတောင်းပန်ပါတယ်။ဒါ ချို့အမှားတွေပါ။"


ပန်းရိပ်ချိုသည် ဒူးထောက်၍ သူမယောကျာင်္းဖြစ်သူ၏ခြေထောက်ကို ဖက်ရင်း ငိုယိုပြီးတောင်းပန်နေမိသည်။ ထိုအခြင်းအရာကို ဆူးတွေ့လိုက်ရချိန်မှာတော့
သူမ ဖေဖေ့ကို နာကြည်းမုန်းတီးမိသည်။ အဖေဖြစ်သူကို သူမမုန်းရသည်မှာလည်း
ယခုမှမဟုတ်ခဲ့ပေ။ သူမသိတတ်စအရွယ်ကပင် မုန်းတီးခဲ့ရသည်။ ဟုတ်သည်။ မုန်းသည်။ သူမသေလောက်အောင်မုန်းသည်။ တစ်လောကလုံးတွင် အဖေဖြစ်သူ
မရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲ ဟုပင်သူမတွေးထင်မိလေသည်အထိပင်။
ကိုဆူးထက်ကျော်စွာက ပန်းရိပ်ချို၏ လက်နှစ်ဖက်ကို ခြေဖြင့်
ကန်လိုက်လေရာ ရင်ဘတ်ကိုထိ၍ လဲကျသွားလေသည်။

မြေခခဲ့သော သွေးမျက်ရည်Nơi câu chuyện tồn tại. Hãy khám phá bây giờ