အဝတ်အစားပင်လဲပြီးသော်လည်း ဆူးတစ်ယောက် သူမမြင်ခဲ့သည့် ကောင်မလေးတစ်ယောက်၏ အပြုအမူများကို လွယ်လွယ်နှင့် သူမမမေ့နိုင်ပေ။
သူမကိုယ်သူမလည်းနားမလည်နိုင်။ ဤအမည်မသိကလေးမလေးအား မြင်၍ အဆမတန်မြန်နေသောရင်ခုန်သံသည် သူမအတွက်တော့ ထူးခြားမှုတစ်ခု။တခြားသူများအတွက် ဒေါသထွက်သင့်ပေမယ့် သူမအတွက်တော့
ဤကလေးမဟာ ချစ်ဖို့အလွန်ကောင်းလှသည်။ ဤကလေးမလေးသည် လှပတဲ့ ပန်းချီကားတစ်ချပ်ကို နေဝင်ချိန်၌ ဝိုင်တစ်ခွက်နှင့်ထိုင်သောက်ရခြင်း နှင့်တူ၏။နောက်ဆုံးတော့ တစ်ခုတည်းသောအဖြေမှာ ဤကလေးမသည် သူမ၏ နှလုံးသားဧကရီ၊နှလုံးသွေးတို့ဆုံဆည်းရာနယ်မြေပင်တည်း။ သူမကိုချုပ်ကိုင်နိုင်သည့် နတ်ဘုရားတစ်ပါးပေတည်း။ သူမတောင့်တခဲ့သည့် အားကိုးရသည့်ယောကျာင်္း တစ်ယောက်မဟုတ်ပေမယ့်သူမ ၏ တစ်ဦးတည်းသောချစ်ရသည့် စွာတေးလန်လေး။ သူမသည်သာ နှလုံးသား၏လိုအင်ပင်။ သူမ၏ စိတ်ဆင်းရဲဖို့ကောင်းလှသည့် လူမသိသူမသိ အနှိပ်စက်ခံ ဘဝသည်အမှောင်ဖြစ်လျှင်ပင် ကလေးသည် ကြယ်တစ်ပွင့်ပေ။
ကလေးကို သူမဘဝထဲဆွဲသွင်းရမည်ကို စိုးထိတ်မိလေသည်။ သို့သော် သူမ ဖွင့်ပြောသင့်သည်လေ။ အချစ်ဆိုတာဟာ ရှက်စရာမဟုတ်ဘူးမလား။
"ဟဲ့ မဏီမ နင် ယောင်ခြောက်ဆယ် လုပ်မနေနဲ့။ လာ။ နင့်ကို Bio guideရိုက်သတ်လိမ့်မယ်။"
ရမာန်ဒေါသ ထွက်ထွက်နှင့် အော်ပြောလိုက်သည်။
"အေးပါ။ လာပါပြီ။"
~ ~ ~ ~ ~ ~ ~ ~
"ဘာ!!!! မဏီရာ မနောက်နဲ့ဟာ။"
ရမာန်ဟန်လုပ်ရယ်ရင်း ပြောလိုက်သည်။
"ငါတကယ်ပြောတာ။ အဲ့ ကလေးကို ငါချစ်သွားပြီ။"
နောက်ဆုံတော့ ဆူးဝန်ခံလိုက်သည်။ သူမသူငယ်ချင်းတွေကိုတော့ ပြောပြရမည်လေ။
"အချစ်ဆိုတဲ့ ဥစ္စာကလည်း ခက်တော့ခက်သားနော်။ နင်မလိမ်ဘူးဆိုတာ ငါသိပါတယ်။ နင်ဘာဆက်လုပ်မယ်စိတ်ကူးလဲ။"
သစ္စာ ဆူးကိုလှမ်းကြည့်ရင်း မေးခွန်းထုတ်မိလေသည်။
"ငါလည်းမသိဘူး။ ငါဖွင့်ပြောဖို့တော့စဉ်းစားထားတယ်။ သူငါ့ကို ငြင်းရင် တောင် ရက်ရက်စက်စက် မငြင်းလောက်ပါဘူးနော်။"
ESTÁS LEYENDO
မြေခခဲ့သော သွေးမျက်ရည်
Romanceမြန်မာနိုင်ငံရဲ့ ရှေးအယူအဆတွေကြား ရှင်သန်နေရတဲ့ LGBT တွေကို အကြောင်းမရှိ ရွံရှာတတ်တဲ့ မြန်မာနိုင်ငံသားအချို့ရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေ အမူအကျင့်ဟောင်းတွေကို WP သုံးသူအချို့ နားလည်သိရှိသွားလျှင်ပင် ကျွန်ုပ်ရေးရကျိုးနပ်ပါပြီ။ ဖတ်ပေးကြဖို့လည်းတိုက်တွန်...