မိုးတွေကလည်းတဖွဲဖွဲရွာနေဆဲ။ အတိတ်ကပုံရိပ်တွေက မတွေးမိဘဲနဲ့ ဘာလို့များ ခေါင်းထဲ အလုံးအရင်းဝင်လာမှန်း သူမမသိပါ။ လူတိင်းအမြင်မှာတော့ သူမဟာ အရာရာ ပြီးပြည့်စုံနေတဲ့ မိန်းခလေးတစ်ယောက်။ ချောမောတဲ့ရုပ်ရည်၊ sexy ကျတဲ့ခန္ဓာကိုယ် အချိုးအစား၊ အလွန်အမင်းဥာဏ်ကောင်းတဲ့ Genius တစ်ယောက်၊ ဇာမဏီကုမ္ပဏီလီမိတက်ရဲ့ တစ်ဦးတည်းသောသမီး၊ Hotel တွေ shopping centre တွေနဲ့ Za club ပိုင်ရှင် သူဌေးကြီး အချစ်ဆုံးသမီးချောလေးပေါ့။
တခါတလေ သူမစဉ်းစားမိတယ်။ လူတွေက အရမ်းရယ်ရတယ်လို့လေ။
လူတိုင်းလိုလိုက ပါးလွှာတဲ့အပေါ်ယံလွှာကိုပဲ ကြည့်ပြီး အရာအရာတိုင်းကို ဆုံးဖြတ်လေ့ရှိကြတယ်။ နတ်ရှိုင်းလှတဲ့ အတွင်းထဲက နာကျင်မှုဒဏ်ရာတွေကို အပေါ်ယံ မျက်နှာဖုံးလှလှလေးနဲ့ ဖုံးကွယ်တတ်ရင်ပဲ လူတွေရဲ့အားကျလေးစားမှုကို အလွယ်တကူရရှိနိုင်တဲ့ ဒီလောကကြီးက သူမအတွက်တော့ အလွန်ရယ်စရာကောင်းတဲ့
ပြတ်လုံးတစ်ခုပါပဲ။
ဒီနေ့လည်း အိမ်မှာ ဘယ်လိုမြင်ကွင်းမျိုးက သူမကို စောင့်ကြိုနေမလဲ သူမမသိပေ။
သူမရဲ့ စိတ္တဇအတွေးတွေကို ယာယီ ဖြတ်တောက်လိုက်ပြီး သူမရဲ့ပြိုင်ဘီးလေးနဲ့ ကျောင်းတော်ကြီးကို နှုတ်ဆက်ကျောခိုင်း ခဲ့တော့တယ်။
သူမအတွက် ထမီနဲ့စက်ဘီးစီးရတာ ခက်ခဲပေမယ့် သူမအဖေပို့လိုက်တဲ့ lastest
ကားနက်ကြီးထဲမှာ အထီးကျန်ခြောက်ခြားစွာ နေရတာက သူမအတွက် ပိုခက်ခဲ စေတယ်လေ။
ဘာလိုလိုနှင့်သူမရဲ့ခြံရှေ့သို့ရောက်လာလေပြီ။ သူမစက်ဘီးလေးကို ညာဘက်လက်လေးနဲ့ ထိန်းရင်း ခြံထဲဝင်ဖို့တွန့်ဆုတ်နေမိသည်။ သို့သော် သူမခြံထဲသို့ ဝင်ကိုဝင်ရမည်။ သူမအမေအတွက် သူမရှိနေဖို့လိုအပ်သည်။ သူမအမေလို ပန်ကရိယ ကင်ဆာသည်တစ်ယောက်ကို သူမကလွဲ၍ ဘယ်သူမှ ဂရုစိုက်နိုင်မှာမဟုတ်ဟု သူမယုံကြည်ထားသည်။
သူမခြံတံခါးကိုတွန်းဖွင့်ဝင်လာချိန်တွင် ခြံစောင့်ဦးလေးကြီးက သူမနားပြေးလာသည်။"မမလေး ကျွန်တော်တောင်းပန်ပါတယ်။ ပန်းပင်ရေလောင်းနေလို့ မမလေးကိုမတွေ့တာပါ။"
"ရပါတယ် ဦးလေးရယ်။ ပန်းပင်သာရေဆက်လောင်းပါ။ ဒါနဲ့ ဖေဖေရော။"

YOU ARE READING
မြေခခဲ့သော သွေးမျက်ရည်
Romanceမြန်မာနိုင်ငံရဲ့ ရှေးအယူအဆတွေကြား ရှင်သန်နေရတဲ့ LGBT တွေကို အကြောင်းမရှိ ရွံရှာတတ်တဲ့ မြန်မာနိုင်ငံသားအချို့ရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေ အမူအကျင့်ဟောင်းတွေကို WP သုံးသူအချို့ နားလည်သိရှိသွားလျှင်ပင် ကျွန်ုပ်ရေးရကျိုးနပ်ပါပြီ။ ဖတ်ပေးကြဖို့လည်းတိုက်တွန်...