မြေခခဲ့သော သွေးမျက်ရည် ep 3

561 69 9
                                    

"ဇာမဏီ! မင်းနောက်တစ်ခါ ငါ့ကို အာခံခဲ့ရင်မင်းကို ဒီလိုလွယ်လွယ် လွှတ်ပေးမှာမဟုတ်ဘူး။ လှရီ! လှရီ!"

ဒေါသဖြင့်နီရဲနေသော ဖေဖေ့မျက်ဝန်းတစ်စုံသည် မကောင်းဆိုးဝါး ပူးကပ်နေသော ပတ္တမြား ကဲ့သို့ဆင်ဆင် တူလေသည်။
များမကြာမီ မမလှရီရောက်လာသည်။

"မင်းသူ့ကိုခေါ်သွား။ ပြီးတော့ ဇာမဏီ မင်းဒီနေ့ကျောင်းတက်ရမယ်။ မင်းဘာသာသွား ငါလိုက်ပို့ပေးမှာမဟုတ်ဘူး။ ပထမအချိန်ကို နေမကောင်းလို့ ကျောင်းမတက်နိုင်ဘူး လို့ ဆရာမကို ပြောလိုက်မယ်။ သွားတော့"

"ဒီအတွက် ဖေဖေ ဘာအလျော်အစားပေးနိုင်လဲ။"

"ဘာ!"

"ပြောပါဖေဖေ။"

"ကောင်းပြီလေ။ မင်းအမေအိုကြီးကို ငါ ဝိတိုရိယ မှာ VVIP နဲ့ထားပေးမယ်။
မင်းဘက်က တော့နည်းနည်းလုပ်ပေးရမယ်။"

ဖေဖေ့၏ မျက်နှာကို ဆူးကြည့်မိတော့ လွယ်လွယ်နှင့် ဘယ်အရာမှမရဘူးဟု ပြောနေသယောင်ယောင်ပင်။

"ဘာလုပ်ပေးရမှာလဲ။"

"အင်တာဗျုး ကို လာခဲ့။"

"ထင်ပြီးသားပါ။ ဒါဆိုသွားလိုက်ဦးမယ်နော်။"

ဆူး နာကျင်မှုကို သည်းခံလျက် ဟန်မပျက်ထလိုက်သည်။ သူမ ဖေဖေ့ ရှေ့ ထပ်ပြီးမပျော့ညံ့ချင်တော့။
ဆူးအခန်းထဲမှထွက်လာသည်နှင့် မမလှရီပါနောက်ကလိုက်လာသည်။
အခန်းထဲမှထွက်ပြီးသည်နှင့် တစ်ပြိုင်နက် အင်အားများ လျော့သွားသည့်အလား ခွေကျသွားသည်။

"ဇာလေး"

ဆူးကို လှရီ ပွေ့ထားမိသည်။

"ဇာလေးရယ် ဘာလို့ သခင်ကြီးကို အာခံရသလဲ။"

ဆူး၏ မျက်ဝန်းမှ မျက်ရည်များက ထိန်းချုပ်ထားရတာပို၍ ခက်ခဲလာသယောင်ယောင်ပင်။

"မမ...သမီးလေ သမီးဘယ်လိုလုပ်မှ.. ဒီဘဝကနေ လွတ်မြောက်မှာလဲဟင်။
ဘာလို့သမီးဘဝက.. သမီးဘဝက ပိုကြမ်းတမ်းရတာလဲ။"

"ဇာလေးရယ်..."

"အဟွက် အဟွက်"

သွေးများက နှုတ်ခမ်းထက်မှ မြင်မကောင်းအောင် ကျဆင်းလာသည်။

မြေခခဲ့သော သွေးမျက်ရည်Donde viven las historias. Descúbrelo ahora