မြေခခဲ့သော သွေးမျက်ရည် ep4

683 67 3
                                    

       ဆူး၏ မျက်ဝန်းများအနည်းငယ် ပွင့်ဟလာချိန်၌ သူမ၏ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်မှာ သူမအားအပေါ်မှ အုပ်မိုး၍ ကြည့်နေလေသည်။

   "မဏီ!!!! နင်ရူးနေလား။ ငါတို့နင့်ကို ဘယ်လောက်တောင် စိတ်ပူနေတယ်ထင်လဲ အရူးမရဲ့!!။"
      
       ရမာန်သည် ဆူးအား ဂရုဏာဒေါသ ဖြင့်အော်ဟစ်ဆဲဆို လိုက်မိသည်။
သစ္စာသည် ရမာန့် ပုခုံးကို ကိုင်လျက်

   "မဏီ ပင်ပန်းနေပြီ။ မဆူပါနဲ့တော့ ရမာန်။ နင်ငါ့စကားကို နားထောင်သင့်တယ်။"

       ဆူးလည်း ကုတင်ပေါ်မှာ ထိုင်နေလျက် အပြုံးလေးဖြင့်

   "အေးလေ။ ငါလည်း ဘာမှမဖြစ်ပဲနဲ့။ ရင်ဘတ်လေးနည်းနည်းပဲ နာသွားတာကို
မိရမာန်တို့ကတော့ပိုပြီ။ပြီးတော့ ငါက ယောကျာင်္ယူဦးမှာဟ။ငါက Taegoo oppa နဲ့ တူတဲ့ ယောကျာင်္းချောချောလေးကို ရှာယူဦးမှာ"

       ဆူး၊ သူမ သူငယ်ချင်းများကို စိတ်မပူစေရန်အလို့ငှာ သူမ၏ နာကျင်မှုကို လျှစ်လျူရှုလျက် စကားအချို့ကို မျက်နှာဖုံးတပ်၍ ပြောလိုက်သည်။

   "အေးပါ မိမဏီရယ်။ နင့်အခွက်ကြည့်ရတာ သက်သာလာပြီထင်တယ်။"

        "ဟား  ဟား  ဟား"

       အခန်းထဲ၌ သူမတို့သုံးယောက်၏ ရယ်သံများသည် ချိုသာစွာ ပျံလွင့်နေလေသည်။

*     *     *     *     *     *     *     *          
       သူမတို့နှစ်ယောက် ဆူးအား တစ်ဖက်တစ်ချက်စီ တွဲလျက် အခန်းထဲသို့ဝင်လာချိန်တွင် ကျောင်းသူကျောင်းသားများကလည်း သူမတို့ကို ဝိုင်းကြည့်နေကြလေသည်။ဆူးမှာလည်း သူမအာရုံနှင့်သူမ လွင့်ပျံနေလေသည်။

   "ဘာကြည့်တာလဲ!!!။ သူ့ဘာသာ စက်ဘီးတိုက်တာနင်တို့နဲ့ဆိုင်လား။
လာသွားမယ် မဏီ။"

       ရမာန်သည် ဒေါသထွက်ထွက်ဖြင့် အော်ဟစ်ပြောဆိုကာ ဆူးအား ထိုင်ခုံဆီသို့ ခေါ်လာခဲ့လေသည်။

   "ဆူးနင်ပါးစပ်မပါဘူးလား။ ဘာလို့ပြန်မပြောတာလဲ။"

   "ကျေးဇူးပါဟာ။ငါ့အခြေအနေကို လိမ်ပြောပေးလို့။ပြီးတော့ ဆရာဝန်.."

မြေခခဲ့သော သွေးမျက်ရည်Where stories live. Discover now