" ဒေါက်တာ အရေးပေါ်ခွဲစိတ်ရမဲ့လူနာရှိတယ် ဆရာမင်းသိန်း
က အခုထိမလာသေးဘူး "ငိုမဲ့မဲ့နှင့်ပြောလာသည့် Nurse ဆရာမလေးကို တော်ဝင်
တချက်ကြည့်ပြီး အသက်ပြင်းချကာ"နောက်ကနေလိုက်လာခဲ့မယ်"
ဝမ်းသာအားရစွာခေါင်းညိတ်ပြီးပြေးထွက်သွားသည့်Nurse
အား တချက်ခေါင်းခါလိုက်ပြီး ခွဲစိတ်ခန်းသို့ဝင်ရန် အဝတ်အ
စားလဲလိုက်သည်။ မိမိ ည ၈ နာရီကတည်းက တရေးမှမအိပ်
ရသေးပါ အရေးပေါ်ခွဲစိတ်မူများနေသလို အသေးစား ခွဲစိတ်မူ
များလဲရှိနေပါသေးသည် မနေ့ကအရေးပေါ်အဆောင်တွင်
မိမိ နှင့် အလုပ်သင်ဆရာဝန်လေးသာ ရှိသည်မဟုတ်လား
အခုလဲ တာဝန်ကျသည့်ဆရာကမလားသေးသဖြင့် မိမိခွဲခန်းထဲဝင်ပေးရအုံးမည်။"တောင်းပန်ပါတယ် နောက်ကျသွားတယ် ဒေါက်တာ ပင်ပန်း
နေရောပေါ့ "မျက်နှာငယ်ငယ်လေးနှင့်ပြောလာသည့် ဂျူနီယာ မင်းသိန်း
ကိုလဲ အပြစ်မတင်ရက်ပါ သူလဲပင်ပန်းရှာမှာပေါ့ ဆေးရုံးက
အပြန် စာသင်ပေးနေရသည်ကိုး။"ရပါတယ် မင်းသိန်းရဲ့ နောက်ဆိုတော့သတိထားပါကွယ် အခု မမ တို့နည်းနည်းပိုပင်ပန်းသွားတာပေါ့ "
"ဟုတ် နောက်ဆိုအချိန်မှန်ရောက်အောင်လာခဲ့ပါ့မယ် "
"အခု မမတို့ပင်ပန်းနေလို့ အပြစ်ပြောတာ မဟုတ်ဘူးနော်
ဒီနေ့လိုသာ အရေးပေါ်ခွဲစိတ်ရမဲ့အချိန်မှာ မမလဲမရှိ မင်းသိန်းလဲမရှိရင် တခြားခွဲစိတ်ပေးမဲ့သူမရှိဘူးလေ လူနာကအသက်ဆုံးရူံးသွားနိုင်လို့ သတိပေးတာပါ ""ဟုတ် ကျွန်တော်နားလည်ပါတယ် "
" ကဲ တာဝန်ကျေအောင်ကျန်တဲ့အချိန်တွေကို သေချာဂရုစိုက်လိုက်ပါအုံး မမ ပြန်တော့မယ် "
ဒေါက်တာပန်းတော်ဝင် ထွက်သွားမှ မင်းသိန်းအသက်ကိုဝဝ
ရူရဲတော့သည် ဒေါက်တာပန်းတော်ဝင်က စည်းကမ်းကြီး
သလို ခွဲစိတ်သည့်နေရာတွင်လဲ အတော်ဆုံးမို့လို့ ဆေးရုံအုပ်
ကတောင် သူ့ကိုအရေးပေးဆက်ဆံသည် ဒုဆေးရုံအုပ်လဲ
သူမပဲမို့လို့ အားလုံးကတော်တော် ကြောက်လန့်ကြပါသည်
သူမက အရယ်အပြုံးသိပ်မရှိသလို ခပ်တည်တည်နေသည်က
များသည်ကိုး ဒါပင်မဲ့ ခွဲစိတ်ဖို့မတက်နိုင်သည့်လူနာများကို
တော့သူမရဲ့ လစာထဲကနေစိုက်ထုတ်ပေးတတ်သည်။
YOU ARE READING
ဥပေက္ခာ
Romanceပန်းတော်ဝင် ပန်းရဲ့ဘဝမှာ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့တွေး ခေါ်မူ ဆုံးဖြတ်မူကိုပဲ အမြဲတမ်းလိုက်လျောနေကျပါ အချစ်ရေး မှာလဲ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့စေ ခိုင်းမူကို ပိုအရေးပေးမိတာ ပန်း မှားသွားသလာ ချစ်? ချစ်မြတ်နိုး အချစ်ဆိုတာ ပန်းနဲ့တွေ့...