*တွေ့ရအောင်....ပြောစရာရှိတယ် *
*ပြန်ရောက်ပြီလာ ဘယ်တုန်းကရောက်တာလဲ ဘာလို့စာ
မပို့တာလဲ **အိမ်မှာလာတွေ့လိုက်နော်.....*
မြတ်နိုး မေမေတို့အမေးကိုတောင် မဖြေပဲ အပြေးတစ်ပိုင်နှင့်
မမပန်းတို့ခြံဆီ ပြေးထွက်လာခဲ့သည်။"မြန်သားပဲ.....လာ ထိုင်လေ "
"မမပန်းရာ အေးတိအေးစက်နိုင်တယ် တစ်ပတ်လုံးလုံးမတွေ့
ရတဲ့ ချစ်သူကိုကြိုဆိုတဲ့ပုံလာ ""ဘယ်လိုကြိုဆိုရမှာလဲ ထိုင်ပါဆို ပြောစရာရှိတယ် "
"အင်း...ပြော "
နှုတ်ခမ်းဆူပြီး ထိုင်ချလိုက်ပြီ.....
"မမပန်း လက်ထပ်တော့မယ် "
"ဟက်.....စတယ်ဆိုတခြားနည်းနဲ့စ ဒီနည်းနဲ့လာမစနဲ့ "
"တကယ်ပြောတာ "
"ဟား....ဟာ ရုပ်တည်ကြီးနဲကွာ မမပန်း မစနဲ့
မမပန်းနဲ့ပတ်သတ်ရင် ဘယ်လောက်ခံစားရလွယ်လဲဆိုတာ
သိသားနဲ့ ""မမပန်းတို့အကြောင်းကို မာမီတိုသိပြီးသွားပြီ ဒယ်ဒီဆိုရင်
ဆေးရုံတက်ရတဲ့အထိ စိတ်ထိခိုက်သွားတယ် ""သူတို့သဘောမတူရင် ရှေ့မဆက်ဘူးလာ မမပန်း.... "
"သူတို့သဘောတူတယ် မတူဘူးမပြောဘူး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်နေပါတဲ့ အဲ့တော့ မမပန်းမိဘတွေကို ရွေးချယ်တယ် "
မြတ်နိုး တဆတ်ဆတ်တုန်လာပြီး အံသြမူများစွာနှင့် မမပန်းကို မျက်တောင်မခတ်ရဲသည့်အထိ ကြည့်မိသည်။
ဒါကကိုယ့်ကိုအရမ်းချစ်သည့် ချစ်သူဆိုတာ ဟုတ်ရောဟုတ်
ရဲ့လာ အေးစက်စွာထွက်ပေါ်လာသည့် စကားလုံးချွန်ချွန်တွေ
က မြတ်နိုးအတွက် နှစ်ဖက်ချွန်တဲ့ဓားသွားနှင့် ကိုယ့်နှလုံးတည့်တည့်တွင် ထိုးစိုက်သလို ခံစားချက်....။"မမပန်း ဂတိပေးခဲ့တယ် မထားခဲ့ဘူးလို့......"
"အဲ့ ဂတိမေ့လိုက်တော့ "
"အဟင်း....အခုချိန်အရမ်းစိတ်ညစ်နေသေးတာသိပါတယ်
မြတ်နိုးကိုစောင့်စေချင်ရင်လဲ စောင့်ပါ့မယ် ဒါပင်မဲ့ လမ်းခွဲခြင်း
စကားကို မပြောပါနဲ့လား မမပန်းရယ် တကယ်ခံနိုင်ရည် မရှိ
လို့ပါ "
YOU ARE READING
ဥပေက္ခာ
Romanceပန်းတော်ဝင် ပန်းရဲ့ဘဝမှာ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့တွေး ခေါ်မူ ဆုံးဖြတ်မူကိုပဲ အမြဲတမ်းလိုက်လျောနေကျပါ အချစ်ရေး မှာလဲ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့စေ ခိုင်းမူကို ပိုအရေးပေးမိတာ ပန်း မှားသွားသလာ ချစ်? ချစ်မြတ်နိုး အချစ်ဆိုတာ ပန်းနဲ့တွေ့...