အပိုင်း၇

3.1K 217 24
                                    

တော်ဝင်ကိုယ့်ကိုကိုယ် ကားမှန်ထဲကနေတစ်ချက်ပြန်ကြည့်လိုက်သည်။တကယ်တော့ တစ်စုံတယောက်ကို
ဖွင့်ပြောဖို့ရန်ခက်ခဲလှသည် စကားလုံးလဲ ရှာမတွေမိ ဘယ်က
နေဘယ်လို စပြောရမှန်းလဲမစဉ်းစားတတ်။ခန့် သာ မိမိအဖြစ်
ကိုမြင်လို့ကတော့ ဟားတိုက်နေမှာသေချာသည်။ကျောင်းမှာ
စာအတော်ဆုံးဖြစ်တဲ့နင်က ရည်းစားစကားပြောဖို့ ရှာမတွေ့
ဘူးဟုတ်လာ ဆိုပြီးဟားတိုက်ရီမောနေမှာသေချာတယ်။

ဘာပဲဖြစ်ဖြစ်လေ ချစ်ရတဲ့သူထံသို့ သွားတဲ့ခြေလှမ်းက တခြားနေ့တွေထက် သွက်လက်မြန်ဆန်နေတာကတော့
အချစ်ကြောင့်ထင်ပါရဲ့။

တွေ့ပါပြီး ကောင်တာလေးမှာ ထိုင်ပြီး ရှေ့က Laptop ကို
စိတ်ဝင်တစားကြည့်နေတဲ့ ကောင်မလေး။ ဝတ်ထားတာလေး
က ဂါဝန်အနီရဲရဲလေးနဲ့ ကလေးလေးလို ချစ်စရာကောင်းလွန်း
တာကြောင့် စားသုံးသူတွေပင် ထိုကောင်မလေးဖက်ခဏခဏ
လှည့်ကြည့်တာ အခန့်သားမြင်နေရသည်။

"ကော်ဖီခါးခါးလေးတစ်ခွက်လောက် "

"ဟင်...မမပန်း "

"ကော်ဖီမတိုက်ချင်ဘူးလာ "

"တိုက်မယ်လေ ဟိုး...နေရာလေးမှာထိုင်နှင့် မြတ်နိုးလိုက်
လာခဲ့မယ် "

"Ok "

မြတ်နိုးကိုယ်တိုင်ကော်ဖီခါးခါးလေးကို အသဲပုံဖော်ပြီး မမပန်း
ရှိရာ စားပွဲသို့ဂရုတစိုက်သယ်ဆောင်ပေးရင်း ကိုယ်တိုင်လဲ
သူ့ရှေ့တွင်ထိုက်လိုက်ပြီး....

"ထူးထူးဆန်းဆန်း မလာစဖူးလာလို့ပါလား "

"တွေ့ချင်လို့ပါ....ပြီးတော့ပြောစရာရှိတယ် "

"ပြောစရာလို့.....ပြောလေ မြတ်နိုးနားထောင်နေတယ် "

စားပွဲပေါ်မေးလေးထောက်ကာ မိမိကိုငေးနေသည်မို့ ပြောရမည့်စကားတွေပင် ဘယ်ပျောက်သွားမှန်းမသိ ဖြစ်ကုန်
သည်။

"မမပန်းကို ချစ်တယ်မလား "

"ရှင် "

မထင်မှတ်ထားသည့်မေးခွန်း.........

Oh shit! ပန်းတော်ဝင် ကိုယ့်ပါးစပ်ကိုရိုက်ပစ်ချင်မိသည်
အိမ်ကတည်းက လှလှပပလေးစီရီထားသည့် စကားလုံးက
ဘယ်ရောက်သွားမှန်းမသိလောက်အောင် ထိုကလေးမက
မိမိကိုငေးနေတာမို့လို့ ရှက်နေမိပြီး နှုတ်ဖျားကထွက်သွား
သည်က ပိုင်စိုးပိုင်နင်းဖြစ်သွားသည့်မေးခွန်း။

ဥပေက္ခာWhere stories live. Discover now