အပိုင်း၎

3.3K 286 64
                                    

စာကြည့်စာပွဲပေါ် မေးလေးထောက်ကာ မျက်နှာငယ်စွာ ကြည့်
လာသည့် ချစ်မြတ်နိုးအား တော်ဝင်တစ်ချက် ပြုံးမလိုဖြစ်သွား
ပင်မဲ့ ပြန်ထိန်းလိုက်ရင်း.....

"တစ်ခုမှလဲရေးမလာဘူး ဘယ်လိုဖြစ်ရတာလဲ ချစ်မြတ်နိုး "

"မမပန်းကလည်း အဲ့တာတွေဒီလောက် ခက်နေတာ အလုံး
ငါးရာကြီးတောင် "

"အယ် အဲ့တာနည်းနည်းပဲရှိသေးတယ်နော် အမှန်ဆို အလုံး
တစ်ထောင်ကျော်ရေးရမှာ ပြီးတော့ မမရေးခိုင်းတာက
မိသားစုအကြောင်းလေ အဲ့တာကအရမ်းလွယ်တယ်လေ "

"မသိဘူး ခက်တယ်အဲ့တာက "

"ဒါဆို မသင်ပေးတော့ဘူး မနက်ဖြန်ကစပြီး မလာနဲ့
တော့ "

"အား အဲ့လိုမလုပ်ပါနဲ့ ရေးဆိုရေးပါ့မယ် "

"သေချာလာ "

"ဟုတ် "

တကယ် မြတ်နိုး စိတ်ကောက်ချင်နေတာပါ မမပန်းနဲ့သင်တာ
လေးလပင်ရှိတော့မည် တိုးတက်လာပါရဲ့ တစ်ခါတလေ မမပန်းက ဒီအကြောင်းရေးလာခဲ့ အလုံးဘယ်လောက်
ဆိုပြီး အိမ်စာပေးလိုက်ရင် နှုတ်ခမ်းကဆူချင်နေတာပါ မမပန်း
ရေးခိုင်းတာက မြန်မာစာလဲမဟုတ် English စာကြီးကို
အလုံးရာကျော်ကြီးရေးခိုင်းတာ ဘယ်သူကရေးချင်မလဲ။

"မမကြီး....အောက်မှာ ကိုကြီးခန့်ညားရောက်နေတယ် "

"Okay လာခဲ့မယ် သူ့ကိုကော်ဖီတိုက်ထားနှင့် သကြားမပါ
စေနဲ့နော် မိတာ "

"ဟုတ်ကဲ့ "

"ကဲ ချစ်မြတ်နိုး ဒီနေ့တော့မသင်တော့ဘူး မနက်ဖြန်ရေးဖြစ်
အောင်ရေးခဲ့နော် "

"ဘာလို့လဲ အဲ့လူကဘယ်သူမို့လို့ စာသင်တာရပ်ရတာလဲ ပြီး
တော့ စာ အလုံးရေလျော့ပေးပါ "

"သူငယ်ချင်းလေ ပြီးတော့ အလုံးရေမလျော့ဘူး လက်နဲ့ရေးရတာလဲမဟုတ်ပဲ လပ်တော့ပ် ကနေရေးရတာကို
များ ဈေးလာစစ်နေသေးတယ် "

"အင်းပါ ရေးခဲ့ပါ့မယ် "

"ထမင်းစားသွားမလား အိမ်မှာမိတာဟင်းကောင်းကောင်း
ချက်ထားတယ် "

"စားမယ် "

မိမိရှေ့မှဆင်းနှင့်ပြီး ကလေးတစ်ယောက်လို လှေကားကနေ
ခုန်စွခုန်စွဆင်းနေသည့် ချစ်မြတ်နိုးကြောင့်

ဥပေက္ခာWhere stories live. Discover now