အပိုင်း ၁၁

2.3K 205 31
                                    

ခွမ်း....

ဒုတ်.....

"အား...."

"ကလေးမ ဇွတ်အော်မနေနဲ့ ထိတဲ့သူကတခြား အော်တဲ့သူက
တခြား....."

"ဟင်....ရှင် ဦးနေခန့်ညား "

"ဟုတ်တယ်...ကျုပ်ပဲ အား...နာတာ သွေးထွက်သွားလား
မသိဘူး "

ပြောရင်းဆိုရင်း ခေါင်းကနေ သွေးတွေစီးကျနေတာကို လှမ်း
ကိုင်လိုက်တော့ လက်ကသွေးတွေကို ဟိုကလေးမ မြင်ပြီး
မျက်လုံးပြူးသွားပြီးမှ.....

"သွေး...သွေးတွေ "

ငင့်.....ခေါင်းပေါက်တဲ့သူက တစ်ယောက် မူးလဲသွားတဲ့သူက တခြားတစ်ယောက်ဖြစ်နေတာ ဆန်းကျယ်ပါ့.....။

"မိတာ! "

"ရှန်....ဘယ်သူလဲ "

"ငါဟဲ့ငါ...မြန်မြန်လာ ဒီဝက်ကိုယ်လုံးကို ပွေ့ရတာ လေးရတဲ့
ထဲ "

"ဟယ်....ကိုကြီးခန့် "

"နင့် ဟယ်ကိုထား ဒီကိုမြန်မြန်လာ ဒီဝက်ကလေး ဘာဖြစ်
သွားပြီးလဲမသိဘူး "

"အမ်း...မမငယ်လေး ဘာဖြစ်လာပြန်ပြီလဲဟင် ကိုကြီးခန့်
ခေါင်းမှာလဲသွေးတွေနဲ့ မမကြီးပြန်လာရင် မိတာကိုဆူတော့
မှာပဲ "

"ရှည်တယ် သွား မြန်မြန် နင့်အစ်မကိုဖုန်းခေါ် ငါပါခေါင်းမူး
လာပြီ "

"ဟုတ်! "

ပတ်တီးစီးပေးရင်း...သတိမရသေးသည့် မြတ်နိုးကို ကြည့်ုပြီး
တော်ဝင် မိမိသူငယ်ချင်းကိုမေးလိုက်ရတော့သည်။

"ဟဲ့....ဘယ်လိုဖြစ်လာတာလဲ နင်ဘာလုပ်လိုက်လို့် ငါ့ကလေးက သတိလစ်သွားတဲ့အထိဖြစ်ရတာလဲ "

"ငါကဘာလုပ်ရမှာလဲ သူ့ကို ခေါင်းပေါက်တဲ့သူက သတိမလစ်ရဘူး ဒင်းလေးပဲလစ်သွားတာ နင့်အိမ်ပေါ်ထပ်က
ဝရံတာမှာ ထားထားတဲ့ နှင်ဆီပန်းအိုးသေးသေးလေးကျတာ
ငါမြင်တော့ သူ့ကိုဆွဲပြီးကာလိုက်ပါတယ် ဒင်းလေးက ပြန်ရန်
စွာနေတုန်း ငါ့ခေါင်းကသွေးမြင်တော့ သတိလစ်သွားတာ "

"မိတာ ပန်းအိုးကိုအဲ့လို ရေဖြန်းပြီးရင် သေချာထားပါဆိုတာ
ကို နားမထောင်ဘူး အခုကြည့် ခန့်မို့လို့သာတော် တော့တယ်
မြတ်နိုးဆိုဘယ်လိုလုပ်မလဲ ဟမ်း "

ဥပေက္ခာWhere stories live. Discover now