မမပန်းကို မတွေ့ရတာနှစ်ပတ်ပင်ရှိတော့မည်....လွမ်းလို့
ဖုန်းခေါ်ရင် ငါးခါခေါ်မှတစ်ခါသာကိုင်ပြီး ခဏနေမှပြန်ခေါ်
မယ်နော် ချစ် အခုမအားသေးဘူး လို့သာအမြဲဖြေနေရင်း
အခုဆို နှစ်ပတ်ပင်ရှိတော့မည်။"သမီးငယ်လေး...."
"ရှင် မေမေ "
"အောက်ထပ်မှာ သမီးသူငယ်ချင်း ရှင်းသန့်ရောက်နေတယ် "
"ဟုတ်....ထွက်လာခဲ့မယ် "
ရှင်းသန့် ဆိုတာ မြတ်နိုးကိုတဖက်သတ်ကြိုက်နေသူဆိုလျှင်
မမှား....အထက်တန်းကတည်းက ဇွဲမလျော့ပဲလိုက်နေတာ
ကိုယ်ကလဲ သူငယ်ချင်းဆိုပင်မဲ့ ခပ်ပြတ်ပြတ်ငြင်းခဲ့သလို
သူကလည်းဇွဲမလျော့ပဲလိုက်နေမြဲ....."ရောက်တာကြာပြီလာ "
"မကြာသေးဘူး "
"အပြင်ထွက်ရအောင် စားသောက်ဆိုင်တွေ့ထားတယ် "
"စားသောက်ဆိုင်တွေ ဒီလောက်များတာ နင်စားသောက်ဆိုင်
တွေ့တာ ထူးဆန်းလာ ကောင်စုတ်ရဲ့ ""အရူးမ ငါပြောချင်တာက အသစ်ဖွင့်ထားတယ် အဲ့ဆိုင်က
အစားအသောက်ကောင်းလို့လာခေါ်နေတာ မာယာ့ကိုတောင်
ဖုန်းနဲ့လှမ်းခေါ်ပြီးပြီ ""အဲ့လိုပြောပါလား ခဏစောင့်အင်္ကျီသွားလဲအုံးမယ် "
"လဲမနေနဲ့ ဘယ်လိုနေနေလှပြီးသား....လာသွားမယ် "
မြတ်နိုးလက်ကိုအတင်းဆွဲရင်း....
"အန်တီ သားသူ့ကိုခေါ်သွားပြီးနော် ပြန်ပို့ပေးမယ် "
"Okay ကားသတိထားမောင်းအုံးနော် "
"ဟုတ်ကဲ့ "
ရှင်းသန့်က မြတ်နိုးကို ချစ်ရေးဆိုထားတယ်ဆိုထားတယ်ဆို
ပင်မဲ့ မြတ်နိုးနေရခက်အောင်တော့မလုပ် ပေါ့ပေါ့ပါးပါးပဲ
သူငယ်ချင်းလို ဆက်ဆံတာမို့် ရှင်းသန့်နဲ့တွေ့တိုင်း စိတ်ကနေ
ရကျပ်တာမျိုး မဖြစ်မိ....။"နင့်လုပ်ငန်းအဆင်ပြေလာ "
"ပြေပါတယ် အစပိုင်းဆိုတော့နည်းနည်းပင်ပန်းရတယ်ဆိုပင်
မဲ့ အဆင်ပြေတယ် နင်ရောပြေလာ နင့်အဖေကနင့်ကိုမိန်းမ
မရှာပေးသေးဘူးလာ "
YOU ARE READING
ဥပေက္ခာ
Romanceပန်းတော်ဝင် ပန်းရဲ့ဘဝမှာ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့တွေး ခေါ်မူ ဆုံးဖြတ်မူကိုပဲ အမြဲတမ်းလိုက်လျောနေကျပါ အချစ်ရေး မှာလဲ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့စေ ခိုင်းမူကို ပိုအရေးပေးမိတာ ပန်း မှားသွားသလာ ချစ်? ချစ်မြတ်နိုး အချစ်ဆိုတာ ပန်းနဲ့တွေ့...