မြတ်နိုး အလိုမကျမူမြောက်များစွာနှင့်အိပ်ယာဝင်ခဲ့ရသည်။
နောက်တနေ့ နိုးထလာတဲ့အချိန်ကျရင် Reply ရရှိပါစေဟု
သာမျော်လင့်ရင်း...."သမီးငယ်....မထသေးဘူးလာ မနက်ရှစ်နာရီတောင်ရှိပြီး
ချောကလက်ပူပူလေး ဖျော်ပေးထားတယ် ထပြီး လာသောက်
ချေ....""အား....မေမေကလည်း နောက်နာရီဝက်လေးပဲလေးနော်
ငယ်လေးထပ်အိပ်ချင်သေးလို့ ""မနေ့က သမီးငယ်ပြောတော့ Customer နဲ့တွေ့စရာရှိ
တယ်ဆို အခုရှစ်နာရီတောင်ထိုးနေပြီး နောက်တစ်နာရီနေရင်
သွားတွေ့ရမယ်ဟာကို ""မိနစ်သုံးဆယ်ပဲလေ နော်...."
ဆက်နိုးသံမကြားရတော့တာ သေချာနေတာကြောင့် စိတ်ချ
လက်ချအိပ်ဖို့အပြင်......"အား.....အေးတာ "
"ထတော့ မှတ်ကရော "
"မေမေလုပ်လို့ အိပ်ယာတွေစိုကုန်ပြီး "
"စိုပါစေ ပြန်လဲလို့ရတယ် အလုပ်ချိန်ကိုလေးစားမယ်မရှိဘူး
ထပြီးရေချိုး....."မေမေ့ရဲ့ကောင်းမူကြောင့် ရေခဲရေနှင့်မျက်နှာအပက်ခံလိုက်
ရသည့် မျက်နှာလေးကိုစမ်းရင်....."အား...ထုံသွားတာပဲ "
ဖုန်းကိုတစ်ချက်လှမ်းစစ်ကြည့်တော့ ပြန်စာမဆိုနှင့် ဖတ်တောင်မဖတ်.....တစ်ချက်ငိုင်မိသွားပြီးမှ
အင်း..သူအလုပ်ရူပ်နေလို့နေမှာပါလေ ပြန်တွေရင်း လန်းဆန်းသွားအောင် ရေကိုဝအောင်ချိုးလိုက်သည်။"လာ...သမီးထိုင် "
"ဖေဖေကော "
"အရေးကြီးကိစ္စရှိလို့အပြင်ထွက်သွားပြီး "
"အော်..."
မြတ်နိုးမုန့်ကို လှမ်းအယူ မေမေ့စကားကြောင့် မုန့်ကိုပြန်ချ
မျက်လုံးလေးက ပျော်ရွင်မူ့ကိုဖုံးကွယ်မရတာအမှန် မေမေ
ပြောသည့်စကားက...."နောက်လ လောက်ဆို သမီးကိုကြီးတို့ပြန်လာပြီး ဒီမှာအခြေ
ချကြမယ် ပြီးတော့သမီးရဲ့ယောင်းမ ဖြစ်တဲ့နွယ်လေးဆီ
နောက်ထပ်ကိုယ်ဝန်ရလွယ်ထားရတယ်တဲ့ "
YOU ARE READING
ဥပေက္ခာ
Romanceပန်းတော်ဝင် ပန်းရဲ့ဘဝမှာ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့တွေး ခေါ်မူ ဆုံးဖြတ်မူကိုပဲ အမြဲတမ်းလိုက်လျောနေကျပါ အချစ်ရေး မှာလဲ နှလုံးသားလိုအင်ဆန္ဒထက် ဦးနှောက်ရဲ့စေ ခိုင်းမူကို ပိုအရေးပေးမိတာ ပန်း မှားသွားသလာ ချစ်? ချစ်မြတ်နိုး အချစ်ဆိုတာ ပန်းနဲ့တွေ့...