3:00PM
စိုင်း
~ကိုလ်း ကိုစောင့်နေတာနေ့လည် ၁နာရီကတည်းက
အခု ၃နာရီတောင်ထိုးနေပြီ
ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး
ဘာပြဿနာများဖြစ်လို့ပါလိမ့်
ကိုလ်းရေ ငါဒီမှာစိတ်ပူနေတယ်လေကွာဒေါက် - ဒေါက်-
ကိုလ်းပြန်လာပြီထင်တယ်ဗျ
စိုင်း-၀င်လာခဲ့ပါ. . .
~ကျွန်တော် ကိုလ်းပြန်လာပြီထင်လို့ဝမ်းသာအားရနဲ့ လှည့်ကြည့်လိုက်ပေမဲ့
ဝင်လာတဲ့သူက....
အေးလေ ကိုလ်း သာဆိုတံခါးခေါက်မဲ့သူမှမဟုတ်တာ(အေးပါကွာ ..)နေချိုသွေး-'ကိုနေ' မပြန်သေးဘူးဆိုလို့ ခန၀င်လာတာ (မေးမိလို့လား) ထိုင်မယ်နော်
ရေအေးအေးလေးတခွက်လောက်ရမလားဟင်(အငတ်မ)စိုင်း-ဟုတ်ကဲ့ ထိုင်ပါခင်ဗျ
~ကျွန်တော်ဧည့်ခန်းထိုင်ခုံမှာနေရာပေးလိုက်တယ် ပြီးတော့အပြင်ကအတွင်းရေးအေး၂ခွက်မှာလိုက်တယ်
ခနလောက်ကြာတော့ အတွင်းရေးမှူးကရေအေး ၂ခွက်ခုံပေါ်မှာလာတင်ပြီး အပြင်ပြန်ထွက်သွားတယ်စိုင်း-လာရင်းကိစ္စက..
နေချိုသွေး-ဒီနေ့ ကိုနေ တို့ကုမ္ပဏီကြော်ငြာရိုက်ဖို့ Shootingရှိတယ်လေ အဲ့တာကြောင့်shootingပြီးတာနဲ့ဝင်လာလိုက်တာ
ကိစ္စမရှိရင်မလာရဘူးလား ကိုနေကလည်း
(ပြစ်ချွဲချွဲအသံနဲ့)
ပြီးတော့အဓိကက ကိုနေ ကိုအရမ်းသတိရလို့ . . .(ထွီ)စိုင်း တယောက် သောက်လောက်စရေတေ
ွ ပြန်သီးကုန်တယ်
ရေတွေအကုန်အင်္ကျီမှာစိုကုန်တယ်
နေချိုသွေးတယောက်တစ်သျှူးယူုပီး စိုင်းကိုရေသုတ်ပေးနေတဲ့အချိန်ချလောက် -
တံခါးဖွင့်သံနဲ့အတူ ကိုလ်း ၀င်လာတယ်
နေချိုသွေး စိုင်းကိုရေသုတ်ပေးနေတာမြင်ပြီး..ကိုလ်း-Ha Ha ငါ့ကောင်ကြီးက ကြိတ်ခုတ်နေပါလား
စိုင်း- ကိုလ်းမင်းခနလောက်ငြိမ်ငြိမ်လေးထိုင်နေပေးကွာ မင်းမသိဘဲစွတ်မပြောနဲ့
~ကျွန်တော် ကိုလ်းကိုပြောလိုက်တာလေသံနည်းနည်းမာသွားတယ်