ကိုလ်း
~စိုင်း ကျွန်တော့နားကပ်တိုင်း
ကျွန်တော်ရင်ခုန်နေမိတာ
ရုတ်တရက် အခုလိုကြီး
သူကျွန်တော့ကို
နမ်းလိုက်တော့
ကျွန်တော်နဲ့ စိုင်း
ခနတာလောက်ငြိမ်သက်နေမိခဲ့တယ်ဒေါက်....ဒေါက်
အခန်းအပြင်က
တံခါးခေါက်သံနဲ့အတူ
အိမ်အကူမိန်းခလေးက
"အကိုလေးတို့ မေမေကြီးက အောက်ထပ်ဆင်လာပါဦးတဲ့ "ကောင်မလေးအသံကိုကြားလိုက်တာနဲ့
ကိုလ်းနဲ့စိုင်း ၂ယောက်လုံး
ချက်ချင်းခွာပြီး
တယောက်မျက်နှာတယောက်မကြည့်ဘဲ
အိမ်အောက်ထပ်ကိုဆင်းလာကြတယ်အောက်ထပ်ရောက်တော့
မနက်စာစားပွဲမှာအသင့်စောင့်နေတဲ့စိုင်းမေမေကမေမေ-သားတို့ လာထိုင်
မေမေပြောလိုက်တာနဲ့ ကျွန်တော်နဲ့ကိုလ်းနေရာမှာဝင်ထိုင်လိုက်တယ်
ဖေဖေကတော့အလုပ်အစောကြီးရှိလို့ထင်တယ်
မနက်ထဲကကုမ္ပဏီသွားပြီ
ကျွန်တော်တို့၂ယောက်ခုံမှာထိုင်ပြီးတာနဲ့မေမေ- မေမေသားတို့ကိုစောင့်နေတာ
မေမေပြောစရာရှိလို့စိုင်း-မေမေပြောလေ
စိုင်းကတော့ပြောလိုက်ပေမဲ့
ကိုလ်းကတော့ခေါင်းငုံ့ပြီး
ကော်ဖီငုံ့သောက်နေတယ်မေမေ-မေမေနဲ့ သားဖေဖေ
ညနေ FLIGHT နဲ့
မန္တလေးကိုသွားရမယ်
သား ဦးလေးမိန်းမဘက်က
အမျိုးဆုံးလို့တဲ့
အဲ့တာ ဟိုမှာနေဖို့
၂ရက်၃ရက်လောက်တော့ကြာမယ်စိုင်း-ဟုတ်ကဲ့ မေမေ စိတ်ချလက်ချသွားပါ
အလုပ်တွေလည်းသားသေချာလုပ်ထားခိုက်ပါ့မယ်မေမေ-အလုပ်တွေကတော့ စိတ်ပူစရာလိုဘူးသား
သားဖေဖေအခုကုမ္ပဏီ သွားတယ်
သူအလုပ်တွေလက်စသတ်ခဲ့မယ်တဲ့
အဲ့တာသားကြီးတို့ကိုပြောမလို့
ဒါနဲ့ သားငယ် ကိုလ်း လေး
ငြိမ်လှချည်လားး