"မင်းခြေထောက်မနာတော့ဘူးမလား"
"နာတာပေါ့ကွ
မင်းမဖြစ်တိုင်း
မစာမနာလာမေးနေတယ်"အဲ့နှုတ်ခမ်းခပ်ပါပါးကို
ရှေ့ကိုထော်ပြီး
စူပုပ်ပြနေပြန်ပြီ
ကိုလ်း
မင်းငါ့ကိုစိတ်မခိုင်အောင်
ခနခနလုပ်နေတာဘဲ"မင်း ခုနကလို
စိတ်တိုပြီးအော်တာမျိုးတွေထပ်မလုပ်နဲ့ကွာ"သူ ဒီလိုတစ်ခါမှအသံကျယ်ကျယ်နဲ့
အော်တာ ကျွန်တော်
ခုချိန်ထိ
်တစ်ခါမှမတွေ့ဖူးခဲ့ဘူး"ငါ့ကိုစိတ်ပူလို့လား"
"စိတ်ပူလို့မဟုတ်ဖူး
နဂိုကရုပ်ဆိုးတဲ့မင်းက
ခုနကအော်လည်းအော်လိုက်ရော
ဘီလူးသံပုရာသီးကိုက်ထားသလားမှတ်ရတယ်
ရုပ်ဆိုးလိုက်တာ""ဟုတ်တယ် ငါကဘီလူး
ဒဿလေကွ
အချစ်နဲ့ပက်သတ်ရင် မရဘူးကွ
မင်းသိလား
မင်းကိုထိရင် ငါ့ရင်ကိုမီးနဲ့ထိုးသလိုဘဲ
နောက်တခါမင်းထိခိုက်တာမျိုး
ငါမမြင်ချင်ဘူးကွာ
ထပ်ပြီးဖြစ်ရင်
အဲ့ဒီ့ချိန်
ငါ့ဒေါသတွေထိန်းနိုင်မှာမဟုတ်ဖူး""နေစမ်းပါဦး
ငါမင်းကိုမေးပါဦးမယ်
မင်းကငါ့ကိုဘာလို့ဒီလိုတွေပြောနေရတာလဲ"ကျွန်တော်သိပါတယ်
သူကျွန်တော့်ကို
ပြန်ဖြေမဲ့အဖြေကို..
ကျွန်တော်အဖြေတိတိကျကျသိချင်လို့
သူ့ကိုမေးမိတယ်"မင်းမေးလို့ငါဖြေမှာနော်"
"ဖြေမှာသာဖြေစမ်းပါ"
"ငါ.. မင်းကို ချစ်လို့"
"မင်းနဲ့ငါက ...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ငါကယောက်ျားလေးလေကွ""မင်းသိလား
ငါမင်းကိုချစ်တယ်
ငါချစ်တဲ့မင်းက
ယောက်ျားလေးဖြစ်နေတာနဲ့ဘဲ
ငါကဆက်မချစ်ရတော့ဘူးလား"ကျွန်တော့်စိုင်းပြောတဲ့
စကားတွေက
နည်းနည်းနည်းလည်ရခက်တယ်ဗျာ
ရှင်းရှင်းပြောရင်
လူနားမလည်တဲ့စကားတွေပေါ့
အေးပေါ့
သူကလည်း
လူမှမဟုတ်တာ
ဘီလူးကောင်...
