ညနေခင်းရဲ့ ထုံးစံအတိုင်း ဂိမ်းမှသွားမဆော့ရရင် Kim Tae Hyung တို့ TV ကြည့်ရမှ ...
ကြောင် နဲ့ကြွက် ကာတွန်းကားကို ထိုင်ကြည့်ရင်း တဟီးဟီး ရယ်နေတာ Jeon Jung Kook ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင် ...
တယောက်တည်းထိုင်နေရတာ ကြာလာတော့ပျင်းလာပြီ...။
" Kim Tae Hyung "" ဟင် ဘာလဲ "
" ပျင်းစရာကြီးနော် "
" ကျွန်တော်တော့မပျင်းပါဘူး ဘာလဲ ခင်ဗျားပျင်းလို့လား "
" အင်းး ပျင်းတာပေါ့ကွ မင်းကTV ပဲကြည့်နေတာကို "
" ခင်ဗျားလဲကြည့်ပေါ့ "" ကိုယ်မှ ကာတွန်းကားမကြိုက်တာ "
" ဒါဆို ခင်ဗျားက ဘာကားကြိုက်တာတုန်း "
" လူကြီးတွေကြည့်တဲ့ကား "" ဘာဗျ ... ခင်ဗျားနှာဘူးကြီး "
" ဟာ ဟေ့ ဟေ့ ကိုယ်ပြောတာ ရိုးရိုးသားသား ဇာတ်ကားကိုပြောတာလေ "
" ခုမှရှက်မနေနဲ့ နှာပွကြီး "" အံမယ် မင်းကများး "
ထိုစဉ် Min Yoongi တယောက် အလုပ်မှပြန်လာလေသည်။" Hyung ... ပြန်လာပြီလား "
" အင်းး "
ဒီ Min Yoongi ဟာ စကားပြောရမှာတောင်ပျင်းသလားမသိ တခွန်းတလေသာပြန်ပြောတတ်သည်။
" Tae ! ညနေစာဘာရှိလဲ "
" Hyung လဲ မစားရသေးဘူးလား ကျွန်တော်တို့လဲ မစားရသေးဘူး "
" အာ့ဆိုဘာစားကြမလဲ "
" ပဲခေါက်ဆွဲမှာစားကြမလား "Jeon Jung Kook ရဲ့အပြောကို ညီအစ်ကိုနှစ်ယောက်လုံး ခဏငြိမ်ကာ စဉ်းစားနေပုံပေါ်သည်။
ပြီးတော့မှ စကားစလိုက်သူက Min Yoongi …
" အင်းစားကြမယ်လေ ဒီအိမ်ကိုမင်းပြောင်းလာတဲ့ အထိမ်းအမှတ်အနေနဲ့ ငါတို့ကို ဝယ်ကျွေးပေါ့ "" ဟုတ်တယ် Hyung ပြောတာသဘောတူတယ် "
" ဟာ အိမ်ရှင်ကကြိုဆိုရမှာလေ ခင်ဗျားတို့ကလဲ … "
" ဟေ့ကောင် အကြီးကိုပြန်မပြောနဲ့ ငါကကောင်းအောင် စီစဉ်ပေးနေတာကို "