" ကလေး "
" ဟုတ် ,Jung Kookie Hyung "
" ရည်းစားတွေဘာတွေမထားရဘူးနော် "
" မထားပါဘူး "
" အင်းပါ Hyung က ကလေးကိုစိတ်မချလို့ "
ကျောင်းပိတ်ရက်ရောက်မှ ကလေးနားအပြည့်အဝနေခွင့်ရတော့သည်။
တိုက်တိုက်ဆိုင်ဆိုင် လူ့ဂွစာကြီးကလည်း ဒီနေ့ အလုပ်နားသည်ဆိုကာ ဘယ်မှမသွား ထို့ကြောင့် ကလေးနဲ့သူလဲ လူ့ဂွစာအနားမနေလို၍ ကလေးအခန်းထဲမှာသာ ငြိမ်နေကြသည် ။
ငြိမ်နေကြသည်ဆိုသော်လည်း ကွန်ပျူတာဂိမ်းကို မျက်တောင်မခတ်တမ်းဆော့နေသော ကလေးမှာ ကီးဘုတ်ကိုနှိပ်လိုက် သူ့ကိုပြန်ဖြေလိုက်နှင့်အလုပ်ရှုပ်နေသည်။
" ကလေး အရမ်းမဆော့နဲ့ မျက်စိပျက်မယ် "
" ခဏလေးဘဲ Hyung "
ဖြေသာဖြေတာ သူ့ကိုလှည့်မကြည့် !! ကုတင်ဘေးက စာကြည့်ခုံမှာ အားရပါးရထိုင်ကာ စာကြည့်နေသည်တော့မဟုတ် ... ဂိမ်းဆော့နေတာ
သူကတော့ ကလေးရဲ့ကုတင်ပေါ်မှာအိပ်ကာ ဂိမ်းဆော့နေသော ကောင်လေးအား တစိမ့်စိမ့်ကြည့်နေလေသည်။
ကလေးကတော့သူ့အာရုံနှင့်သူမို့ သူကြည့်နေတာ သတိထားမိပုံတောင်မပေါ်
ဒီကလေး ကိုယ့်ကို အာရုံစိုက်လာအောင်ဘယ်လိုလုပ်ရပါ့" ကလေး ကစားကွင်းသွားကြမလား "
" တကယ်လား "
အရောင်လက်နေသော မျက်ဝန်းများဖြင့် သူ့အားလှမ်းကြည့်လေသည်။မဆိုးဘူး စည်းရုံးတာအောင်မြင်တယ်။" ကလေးသွားချင်ရင်သွားမှာပေါ့ "
" သွားချင်တယ် "
" ဒါဆိုသွားမယ်လေ "
" ဟေးးးး "
သိပ်မသွားချင်ရှာဘူး ထတောင်ခုန်တယ်!!
ဒီကလူကတော့ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ပြုံးပြုံးကြီးး။" ကလေးသွားချင်တာကို ကိုယ်က လိုက်ပို့ပေးမှာပေါ့ လာပါအုံး ကိုယ့်ကို တခါလောက်ဖက်ပါအုံး ..."
သူပြောလိုက်တော့ သွားလေးတွေပေါ်သည်အထိ ရယ်ပြကာ ကုတင်ပေါ်တတ်လာပြီး သူ့အားဖက်လေသည်။
ကလေးလုပ်ချင်တာကို သူလုပ်ပေးလိုက်ပြီး သူကတနည်းနည်းဖြင့် အသားပြန်ယူဖို့ ကြိုးစားတတ်သည်။
ခုလို ဖက်ခိုင်းတာက နည်းနည်းတော့ကြောင်တောင်တောင်နိုင်သော်လည်း ကလေးကို အသားယူဖို့ဆို သိသိသာသာတမျိုး မသိမသာတမျိုး ကြံနေတတ်သော သူ့အတွက်တော့ အခွင့်အရေးပင် ...