ကျောင်းပေါက်ဝရောက်တာနဲ့ Jung Kook တယောက် ကားပေါ်ကဆင်းကာ ဘယ်သူ့ကိုမှလှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်သည်။
ကိုယ့်ကလေးကို စိတ်ဆိုးတာမဟုတ်ပေမယ့် ဘေးကကောင်ကိုဒေါသထွက်နေတာကြောင့် စကားပြောချင်စိတ်မရှိ !!
" Jung Kookie Hyung ကျွန်တော့်ကိုစောင့်အုံးလေ "
ကလေးက သူ့နောက်အပြေးလေးလိုက်ကာ အော်လိုက်တော့ …
သွားနေရာမှ ရပ်ပြီးစောင့်နေလိုက်တယ်" မောတာဗျာ … Jung Kookie Hyung ကလည်း "
ကလေးခဗျာ ပြေးလိုက်လာရသဖြင့် လျှာလေးတစ်လစ်နဲ့ မောနေဟန်တူသည်
ဘေးက ဟိုဂျပုကလည်း လုံးတုံးတုံးဖြင့်ပါလာလေသည် …။" ကိုယ်က နောက်ကျနေမှာစိုးလို့ပါ လာတူတူသွားမယ် "
ထုံးစံအတိုင်း ဟိုကပ်ပါးကောင်က ဘေးကပါလာပြန်သည်…။
ကလေးနဲ့သူနှစ်ယောက်တည်း မနေရတော့ဘူးလားမသိ……ဒေါသထွက်ထွက်နဲ့ မျက်လုံးပြူးကြည့်လိုက်တော့ အရိုးခံမျက်နှာလေးဖြင့် ပြန်ကြည့်နေရှာသည်။
ကိုယ့်မှာ ဘီလူးရုပ်ဖြင့် ဒင်းကအူတူတူဆိုက်ဖမ်းထားတုန်းးး" ကလေးအခန်းကို ကိုယ်အရင်လိုက်ပို့ပေးမယ် "
" ရပါတယ် Hyung ဘာသာသွားရင်သွားလေ Tae နဲ့ ကျွန်တော်ကတခန်းတည်းဆိုတော့ တူတူသွားလိုက်မယ်လေ "
လျှာရှည်ပြန်ပြီ !! အလိုက်ကန်းဆိုးမသိ။အရိပ်သုံးပါးလည်းနားမလည် ဇွတ်ပြောနေသောငတိကို အလကားနေရင်း ကြည့်မရ …
" ရတယ် ကလေးကို ငါကိုယ်တိုင်ပို့ပေးမလို့ "
ခပ်ပြတ်ပြတ်ပဲဆိုလိုက်သည်။ ဒီလိုဒဲ့ပြောမှနားလည်မဲ့ဟာမျိုးး
ကလေးရဲ့အခန်းရှေ့ရောက်တာနဲ့
" Jung Kookie Hyung ကျွန်တော်တို့ အခန်းထဲဝင်တော့မယ် "
" အင်း နေ့လည်ထမင်းစားချိန် ကိုယ်လာခေါ်မယ်စောင့်နေနော် "