မျက်စိရှုပ် နားရှုပ်နဲ့ ဒုက္ခပေးသော နှစ်ကောင်မရှိတော့ နေရတာ စိတ်ချမ်းသာသည်။ ကျောင်းတွေသာပိတ်ရက်မရှိ အမြဲဖွင့်နေပါက ပိုတောင်ကောင်းအုံးမယ် !!
သူတို့ကျောင်းသွားချိန်ဆို အိမ်ထဲမှာ တိတ်ဆိတ်လို့……… သီချင်းလေးနားထောင်ပြီး အိပ်ရတဲ့ Feel လေးဆိုတာများ ဘာနဲ့မှ မလဲနိုင် ………တီးတောင် ~~~
ဘယ်သူပါလိမ့် ……
ဟိုကောင်တွေကျောင်းစောပြန်လာတာများလား ?
မဖြစ်နိုင်ပါဘူး သူတို့ဆိုရင် ဘဲလ် တီးနေမှာမှ မဟုတ်တာ ……
ဘယ်ကဧည့်သည်တုန်းမသိဘူး …… မဖြစ်သေးပါဘူး စားလက်စ အသီးပန်းကန်လေးဖွက်မှ …… အိမ်ထဲဝင်လာမှ ကျွေးနေရအုံးမယ် !
တီးတောင် ~
အိမ်ရှေ့မှ ဘဲလ်အား ဇွတ်နှိပ်နေသဖြင့် ပန်းကန်အား ရေခဲသေတ္တာထဲသွားထည့်ဖို့ပြင်ရာမှ အလွယ်တကူဘဲ စားပွဲအောက်ထိုးထည့်လိုက်တော့သည်………
မတတ်နိုင်ဘူး ကြုံသလိုပေါ့ ………
" လာပြီ ဟေ့ ! "
အပြင်ကလူ ကြား မကြားတော့ မသိ ! အော်ပြောလိုက်ရင်း တံခါးဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။
တံခါးလဲဖွင့်ပေးလိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာက ဟို မျက်မှေးကောင် ……
အယ် မဟုတ်သေးဘူး …… ငါလဲမှေးတာဘဲ အဲ့လိုခေါ်လို့ဘယ်ဖြစ်မလဲ !!
ဒါပေ့မဲ့ ငါက လူကောင်သေးလို့ မှေးတာပဲ …… အင်း ဒီကောင်လဲ သေးတာပဲ … ဘယ်လိုခေါ်ရပါ့ ……
" ဟေ့ကောင် ဝက်ပု "
" ငင့် …… Jimin ပါ ဗျာ "
" လျှာမရှည်နဲ့ မင်းနာမည် ငါမှတ်မထားနိုင်ဘူး ငါအဆင်ပြေသလိုခေါ်မယ် "
" အဖိုးရီးးး "
" ဘာပြောတယ် "
" ဟီးးးး ဘာမှမဟုတ်ပါဘူး "
" ပြော ဘာလာလုပ်တာလဲ "
" Tae ဆီလာတာ "
" မရှိဘူး ကျောင်းသွားတယ် …… နေပါအုံး မင်းကကျောင်းမသွားဘူးလား "