" ဟေ့ ကောင်လေး ရောက်ပြီ "" ဟင် ဘယ်ရောက်တာလဲ "
" Busan ကိုလေ "
သြော် ဟုတ်သားပဲ ...... Jung Kookie Hyung ကိုတွေ့ချင်လို့ Busan ကိုလာခဲ့ရင်း ကားပေါ်အိပ်ပျော်သွားတာဘဲ
" နှိုးပေးတာကျေးဇူးပဲနော် ဦးလေး သွားလိုက်ပါအုံးမယ် "
ပြောပြီးတာနဲ့ ကားပေါ်ကပြေးဆင်းလိုက်သည် ......
တကယ်တော့ Busan ကို သူပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင် ...Jung Kookie Hyung ပြောပြဖူးသော လိပ်စာအားစဉ်းစားရင်း ခြေဦးတည့်ရာ လျှောက်ခဲ့လိုက်သည် ....
နောက်ဆုံးရှာမတွေ့ဘဲ လမ်းပျောက်တော့ရော ဘာဖြစ်သေးလဲ? Jung Kookie Hyung ကိုဖုန်းဆက်ခေါ်လိုက်မှာပေါ့ ......ခုတော့ ရှူခင်းလေးတွေလှတယ် ဓါတ်ပုံအရင်ရိုက်အုံးမှ !
လာရာ လမ်းတလျှောက် ဓါတ်ပုံရိုက်လိုက် ဟိုငေး ဒီငေးနဲ့ အချိန်အတော်လေးကြာခဲ့သည်။ မဖြစ်သေးပါဘူးလေ တယောက်ယောက်ကိုမေးအုံးမှ ......
ဒါဘယ်နားရောက်နေမှန်းမသိ!!
ဗိုက်ကလဲဆာလာပြီ ဆိုင်တခုခုရှာမှတောင်ကြည့်မြောက်ကြည့်ဖြင့် ကြည့်ကာ မေးစရာလူတွေ့သဖြင့် ဝမ်းသာအားရပြေးသွားလိုက်သည် .........
" ဒီအနီးအနားမှာ စတိုးဆိုင် ရှိလား "
" တိဝူးး "
သူမေးလိုက်တဲ့သူက သုံးနှစ်သားကလေး ...
" မင်းက ဒီကမဟုတ်ဘူးလား "
" ဟုတ်တယ်လေ "
" ဒါဆိုဘာလို့မသိတာလဲ "
" သားမှမပြောပြတတ်တာ နေရာတော့သိတယ် "
" ဒါဆို လိုက်ပြကွာ မုန့်ဝယ်ကျွေးမယ် "
" ဂယ်နော် "
" အင်း "
ထိုကလေးက သူ့အား လက်ဆွဲ၍ စတိုးဆိုင်အား လိုက်ပို့ပေးလေသည် ။
" ငါ ခေါက်ဆွဲပြုတ်စားမှာ မင်းရော "
" သားက ပေါင်မုန့်နဲ့ဖျော်ရည် "