" Tae Hyung ya …Tae Hyung ထတော့လေ "
မနက်စောစော Jeon Jung Kook ရဲ့ အသံက တစ်အိမ်လုံးကိုလွှမ်းမိုးလျက်
Tae Hyung နဲ့ Jung Kook ကအပေါ်ထပ်မှာအိပ်ကြပြီး Yoongi ကတော့ အောက်ထပ်မှာသာအိပ်သည်။
Jung Kook အစောကြီးနိုးနေခြင်းအကြောင်းကတော့ အားလုံးသိတဲ့အတိုင်း Tae Hyung နဲ့အပြင်ထွက်ဖို့ ဖြစ်သည်
သူကအားလုံးပြင်ဆင်ကာ ဆင်းလာပြီးမှ Tae Hyungမနိုးသေးမှန်းသိသဖြင့် အောက်ကနေအော်ခေါ်ရတော့သည်
ဟော …
သူ့အော်သံကြောင့်လားမသိ Tae Hyung ကတော့မနိုး Min Yoongi ကတော့ ထလာပြီ …
" ဟေ့ကောင် စောစောစီးစီး ဘာဖြစ်နေတာတုန်း "
" Tae Hyung ကိုနှိုးနေတာပါ "" သူ့ဘာသာ အိပ်နေတာကို ဘာလို့နှိုးနေတာလဲ "
" ဟီး သူနဲ့အတူသွားဖို့ချိန်းထားလို့ပါ "
" Kim Tae Hyung ဆိုတဲ့ကောင် ရူးနေရင်တောင် ဒီချိန်မထဘူး နှိုးချင် သူ့အခန်းထဲသွားနှိုးကွာ နားငြီးတယ် "
" ဟုတ် "
ကြာကြာနေရင် အဆဲခံရတော့မှာ သေချာနေတာမို့ Jung Kook လဲ ကုတ်ချောင်းချောင်းနဲ့ ထွက်လာလိုက်သည်။
Kim Tae Hyung တယောက်နဲ့တင် Min Yoongi တော်တော် စိတ်ပျက်လှပြီ ။
ခု နောက်တကောင်ကလဲ မထူးခြားနားပါပဲ …
မသိရင် သူကပဲ အပေါက်ဆိုးတယ်ဖြစ်ရအုံးမယ် …
ဒီကောင်တွေ ဒုက္ခပေးတာ လူမသိ … အိပ်ကောင်းပြီဆို ဆူပြီ …
နိုးလက်စနဲ့ မထူးတော့တာမို့ မနက်စာစားဖို့ပြင်နေလိုက်သည်။
အပေါ်ထပ်မှာတော့" Tae Hyung ရေ "
" … "
" ကိုယ် ဝင်ခဲ့မယ်နော် "
" … "
တွေ့ပါပီ ကုတင်ပေါ်မှာကွေးကွေးလေး အိပ်နေတာများး သူပထမဆုံးစတွေ့တုန်းကလိုပင် …" ကလေး ထတော့လေကွာ "
မျက်လုံးတွေကိုဇွတ်မှိတ်ထားတဲ့ပုံက ဆွဲလုပ်ပစ်ချင်စရာ …
နဂိုက ချစ်မြတ်နိုးတဲ့စိတ်ကလေးသာ မရှိထားပါက ကိုင်ပေါက်ပစ်လိုက်ပြီ …