ဘာလိုလိုနဲ့ ကျောင်းပြန်ဖွင့်ချိန်တောင် ရောက်လာခဲ့ပြီ မနက်ဖြန်ဆိုရင်ပဲ ကျောင်းတတ်ရတော့မှာလေ Kim Tae Hyung ရဲ့ သာယာတဲ့နေ့စွဲတွေ ဒီတင်ပြီးသွားပြီ ...
ကိုယ့်မှာသာ စိတ်ဆင်းရဲနေပေ့မယ့် ကျေနပ်နေသူက နှစ်ယောက်မရှိတဲ့ ကျွန်တော့် Hyung ဂေါက်သီး
ကျွန်တော်သာယာတာကိုမနာလိုဘဲ ကျောင်းပြန်ဖွင့်စေချင်နေတာ ...
ခုတော့ သူ့ဆန္ဒတွေပြည့်ပြီ ခါတိုင်းနဲ့ကိုမတူ ပြုံးလို့ ပျော်လို့ ...
" Tae Hyung ရေ မနက်ဖြန် ကျောင်းဖွင့်ပြီနော် "
" သိတယ် "
ဒေါသကိုလာလာဆွနေတယ် လူယုတ်မာကြီးးး
" ဘာဖြစ်နေတာလဲ ရုပ်ကလဲ "" ဘာမှဖြစ်ပါဘူး ဒါနဲ့ Hyung ကျောင်းသွားရင် ကျွန်တော့် ကို လိုက်ပို့မယ်မလား "
Hyung အလုပ်သွားလျှင် အဆင်ပြေအောင်ဆိုပြီး အိမ်က ကားတစ်စီးဝယ်ပေးထားတာရှိသည် ညီအစ်ကိုနှစ်ယောက် သွားရလာရ အဆင်ပြေအောင်ဟု ပြောသော်လည်း တကယ်တမ်းတော့ သူပဲစီးနေတာ ... ကျွန်တော့်ကိုကျတော့ ကျောင်းနဲ့နီးတယ်ဆိုပြီး လမ်းလျှောက်သွားခိုင်းတယ် !
" ငါလိုက်မပို့နိုင်ဘူး မင်းကလဲကွာ ကျောင်းနဲ့နီးတာပဲ လမ်းလျှောက်သွား လေ့ကျင့်ခန်း လုပ်ပြီးသားတောင် ဖြစ်သေး ""အဲ့ဒါဆို Hyung လဲ လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်အောင် လမ်းလျှောက်သွားပါလား "
" ဘာကွ ... ငါနဲ့ လာတန်းညှိနေတာလား မင်းကအကြီးလား ငါကအကြီးလား "
ဘာမှဆက်မပြောတော့ ... အကြီးဆိုတာနဲ့ပဲ ကိုင်ပေါက်ချင်နေတာ
ဟွန့် ... Omma ကလဲ ဘာလို့များ ကျွန်တော့ကို အရင်မမွေးခဲ့ပါလိမ့် ...
" ကျွန်တော်ပြန်လာပါပြီ "
အပြင်ကပြန်လာဟန်တူသော Jung Kook
" ဘယ်တွေသွားနေတာလဲ Jung Kookie Hyung "
" မနက်ဖြန် ကျောင်းဖွင့်ပြီ ဆိုတော့ လိုတာလေးတွေသွားဝယ်နေတာ "
" ကျွန်တော်ကျမခေါ်ဘူး "
စိတ်ဆိုးသလိုပြောလိုက်တော့
" ကလေးက အိပ်နေလို့လေ "
Jung Kookie Hyung က သူ စိတ်လိုလက်ရရှိတဲ့အချိန်မျိုးဆို ကျွန်တော့်ကို ကလေးလို့ခေါ်တတ်သည်။ အစက နားထောင်ရတာတမျိုးကြီးပေ့မယ့် နောက်ပိုင်းတော့ သဘောကျလာသည် စိတ်မကြည်တဲ့အခါဆိုရင်တော့ မင်းတွေငါတွေ ဖြစ်သွားတတ်သည် ။
အတူနေလာတာလဲ နည်းနည်းကြာပြီ ဆိုတော့ Jung Kookie Hyung နဲ့လဲ အတော်အတန် ရင်းနှီးနေပြီ တခါတခါ ကျွန်တော့ကို အပြစ်ပြောတတ်ပေ့မယ့် အတော်လေး အလိုလိုက်ရှာသည်။
ပြောရရင် Yoongi Hyung ထက်တောင်ပိုဂရုစိုက်သေးတယ်
ကျွန်တော်ကလည်း Jung Kookie Hyung ကိုပဲ ပိုချစ်သည်
ခုလဲ Yoongi Hyung ဘေးမှာရှိပေ့မဲ့ Jung Kookie Hyung ကိုသာ ချွဲနေလိုက်သည်။ အဲ့ဒီ လူ့ဂွစာကြီးကို အမြင်ကတ်လို့ စကားကိုမပြောချင်တော့တာ။
Jung Kookie Hyung က ကျွန်တော့်ကို ကလေးလို့ခေါ်ကာ ချော့နေတော့ Yoongi Hyung ကမျက်နှာကြီးရှုံမဲ့ကာ ...
" ဟေ့ကောင် Jung Kook အဲ့ကောင်ကို သိပ်အလျော့မပေးနဲ့ "