Part-2

388 24 5
                                    

ကျမလဲအထုပ်၂ထုပ်ဆွဲကာအိမ်သို့.........
အမလေး လေးလိုက်တာ....ဟူး.......သူဘာကြိုက်တတ် မှန်းမသိလို့ကိုယ်ကြိုက်တာတွေဘဲရွေးဝယ်လိုက်တယ် သူကြိုက်ကြိုက်မကြိုက်ကြိုက်ကျမကြိုက်တယ်လေ😊😊

သူမချက်လဲချက်မြည်းလဲမြည်းအလုပ်ကိုဖြစ်လို့

"အ ဒီလောက်ဆို အတော်ဘဲ ကောင်းတယ် Kim Yoon Young  ဘယ်ဆိုးလို့လဲ ကောင်းကောင်းချက်တတ်သားဘဲ ဟဲဟဲ😂😂"

သူ့ဘာသာချက်သူ့ဘာသာမြည်းသူ့ဘာသာချီးကျူးနေတာ

ဂင်ဂျီဟင်းရည် အမဲသားကြော် အရံဟင်း၎မျိုးလောက်လုပ်ထားတယ်

"အဆင့်သင့်ဖြစ်ပီ Yoda ကိုသွားခေါ်ရအုံးမယ်"

ကျမလဲသူခုနကပြောသွားတဲ့အခန်းထဲကိုဝင်လိုက်တယ် Omo အခန်းကမနေ့ကကျမရှင်းတဲ့အခန်းနဲ့တခြားစီဘဲ သီချင်းနဲ့ပတ်သတ်တဲ့ပစ္စည်းတွေအစုံဘဲ......OMG ကုတင်ရဲ့ခေါင်းရင်းမှာချိတ်ထားတဲ့သူ့ပုံ........အော် ငါလေးတော်တော်ကံကောင်းတာဘဲ သူ့လို Idol နဲ့တူတူနေရတယ်ဆိုတော့ ဒါမဲ့ငါမှသူ့ကိုမကြိုက်တာ သူ့ Fan တွေဆိုရင်တော့အခုချိန်သေနေလောက်ပီ

ဒါနဲ့သူဘယ်ရောက်နေတာလဲ တွေ့လဲမတွေ့ဘူး

ကျမတွေးနေတုံးလက်ကိုတယောက်ယောက်လာဆွဲတယ်

"မင်းဘာလုပ်နေတာလဲ ငါ့အခန်းထဲမှာ"

"😒ကျမကဘာလုပ်ရမှာလဲ ခင်ဗျားဘဲအဆင်သင့်ဖြစ်ရင်လာခေါ်ဆို အဲ့တော့လာခေါ်တာပေါ့"

"အသံမပေးဘဲဘာလို့ဝင်လာတာလဲလို့"

"တံခါး၂ခါခေါက်တယ်လေ အထဲကအသံမှပြန်မပေးတာ အဲ့တော့ဝင်လာတာပေါ့ အာ....မြန်မြန်အင်္ကျီလဲပြီးဆင်းလာ ခဲ့တော့"

သူ့ဘာသာပြောပီးဆင်းသွားတယ်
ခုမှရေချိုးခန်းထဲကထွက်လာလို့မျက်နှာတခုလုံးရော ဆံပင်တွေရောရေတွေစိုနေမှာ ဒါကိုသူဘယ်လိုမှမခံစားရ ဘူးလား သူ့နေရာမှတချို့မိန်းကလေးတွေဆိုရင်..... Kim Yoon Young ရယ် မင်းကဘယ်လိုမိန်းကလေးလဲ ငါ့ကိုသိလဲမသိ စိတ်လဲမဝင်စား စကားကိုလဲဘယ်တော့မှ ကောင်းကောင်းမပြော ခုမှတွေ့တဲ့လူမို့လို့ဘဲ ငယ်ပေါင်းတွေဆိုရင်သူ့စကားတွေနဲ့ငါပိနေလောက်ပီ

I Hate You[Complete]Where stories live. Discover now