Part-46

105 3 3
                                    

"သမီးရေ ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

"Nae?...ဟို....ဦးဦး Chanyeol နဲ့ပါ Omma😔"

သမီးဖြေလိုက်တဲ့စကားကြောင့်ကျမသက်ပြင်းသာချမိတယ်

"Omma ဘာပြောထားလဲဆိုတာ သမီးလေးသိတယ်မလား အဲ့ဦးဦးနဲ့မပတ်သတ်နဲ့တော့ဆိုတာကိုလေ"

ကျမသမီးလေးကိုပေါင်ပေါ်ဆွဲတင်လိုက်ပီးဆံပင်လေးကိုသပ်ကာမေးလိုက်တော့သမီးလေးကကျမမျက်နှာကိုမော့ကြည့်ပီး

"Wae Omma ဘာလို့လဲ ဘာလို့ Su bin လေးက ဦးဦးနဲ့ခင်လို့မရတာလဲဟင်"

"ဦးဦးက နာမည်ကြီးမင်းသားလေ"

"အင်း....."

"သမီးလေးက ဦးဦးကိုနာမည်မကြီးစေချင်တော့ဘူးလား"

"ဟင့်အင်း...ဟင့်အင်း ဦးဦး Chanyeol ကို Su bin လေးနာမည်ကြီးစေချင်တယ် ဦးဦးက ရုပ်ရှင်ထဲမှာဆိုအရမ်းကြည့်ကောင်းတာ အပြင်မှာဆိုချောတယ်"

"အင်း အဲ့ဒါဆိုရင် ဦးဦးဆီထပ်ပီးဖုန်းတွေမခေါ်နဲ့တော့နော် ဦးဦးက ရုပ်ရှင်တွေရိုက်နေရတယ်လေ သမီးလေးကဖုန်းတွေခေါ် စကားတွေပြောနေရင် ဦးဦးကို ဒါရိုက်တာကြီးတွေကဆူမှာပေါ့ ဦးဦးကိုအဆူခံစေချင်လား သမီးလေး"

"ဟင့်အင်း Su bin ကြောင့် ဦးဦး Chanyeol အဆူမခံရပါဘူး"

"ဒါဆို Omma စကားနားထောင်မှာလား သမီးလေး"

"Nae Omma စကားကိုနားထောင်ပါ့မယ်"

ကျမတခွန်းချင်းဆီသမီးလေးကိုနားဝင်အောင်ပြောလိုက်တော့ သမီးလေးကနားဝင်သွားပေမဲ့ နှုတ်ခမ်းလေးကမဆိုသလောက်လေးဆူပီးဝမ်းနည်းနေလေရဲ့ သမီးလေး

"Omma သမီးလေးကလိမ္မာလိုက်တာ ရော့ Omma သမီးလေးအကြိုက် ပန်းသီး"

"Wow Omma တော်ဆုံး"

လက်မပိစိလေး၂ဖက်ထောင်ကာပြောပီးကျမပေါင်ပေါ်မှာထိုက်ပီးကျကျွေးတဲ့ပန်းသီးကိုအားရပါးရစားနေတဲ့သမီးလေး ကျမလောက်စတော်ဘယ်ရီကြိုက်တာကျမဘဲ ဘာလို့သူကစတော်ဘယ်ရီကိုအဲ့လောက်မကြိုက်ဘဲ Park Chanyeol ဆိုသူနဲ့ပန်းသီးကြိုက်တာသွားတူနေရတာလဲ😪

I Hate You[Complete]Where stories live. Discover now