Part-30

134 2 7
                                    

အခုဆိုရင်ဖြင့်ဒါကြီးတွေနဲ့ရှက်တယ်လို့ပြောတဲ့ကလေးလေးကအင်္ကျီအထူကြီးဝတ်.....ကျနော်ပေးထားတဲ့အနီကွက်တွေကိုမမြင်အောင်အမျိုးမျိုးအဖုံဖုံအင်္ကျီတွေဝတ်ပီးအိမ်အောက်ထက်သို့ဆင်းလာလေသည်......လူကောင်လေးကအရင်ထဲကသေးသောကြောင့်အခုအင်္ကျီအထူကြားထဲတွင် နစ်မြှုပ်နေသည်.....ဒီလိုရိုးရိုးလေးဝတ်ထားတာတောင်ချစ်ဖို့ကောင်းနေတဲ့ကလေးငယ်

"Fan ဒီလိုဆိုမမြင်ရတော့ဘူးမလား"

ကျနော့ရှေ့လာပီးသူဝတ်ထားတာကိုလာကြည့်ခိုင်းနေတဲ့ကလေး

"အင်း မမြင်ရတော့ဘူး ဒါနဲ့ကလေးမပူဘူးလား"

"ပူပေမဲ့လဲ Mall ထဲရောက်ရင် Aircon နဲ့ အေးဆေး"

"ဟုတ်ပါပီ လာသွားကြမယ်လေ"

"Nae Fan"

မျက်လုံးပိတ်အောင်ပြုံးရင်းပြောနေတဲ့ကလေးငယ်

Other Side

"Channie ဒီရှေ့ကစတိုးဆိုင်ခဏသွားလိုက်အုံးမယ် Yoon မျက်နှာသစ်ဆေးကုန်သွားလို့"

"ကိုယ်လိုက်ခဲ့မယ်လေ ကလေး"

"Arni မလိုက်ပါနဲ့တော့ ခဏဘဲကို အိမ်မှာသာအေးဆေးနေခဲ့တော့"

"အင်း ဒါဆိုမြန်မြန်သွားပီးမြန်မြန်ပြန်လာနော်"

"Arrarsaw"

Other Side

ကျနော့ကလေးလေး mall ထဲရောက်တာနဲ့သူလိုချင်တဲ့ပစ္စည်းတွေကိုစိတ်ကြိုက်ဝယ်ယူနေလေရဲ့ ကျနော်ကတော့သူ့နောက်ကနေဘဲလိုက်ကြည့်နေတယ်

"Fan ဒါဝယ်မယ်"

ကျနော်ကြည့်လိုက်တော့ အင်္ကျီအဖြူလေး၂ထည် couple shirt ဘဲ

"ဝယ်လေး ကလေး"

"အမ ဒါလေးယူမယ်....အမ....."

ဆိုင်ဝန်ထမ်းကကျမပြောတာကိုမကြားချေ ဘယ်ကြားမလဲ shirt လက်ရှည်အဖြူကိုယ်ကြပ်ကိုသဂျင်းပန်ဖြင့်တွဲ ဝတ်ထားတဲ့ Wu Yi Fan ကိုငေးနေသည်ကို တရားဝင်မိန်းမပါနေတာကိုသိတာတောင်ငေးနိုင်သေးတယ် အဲ့ဒါကြောင့် Wu Yi Fan ဆိုတဲ့အဖိုးကြီးနဲ့ဘယ်မှမသွားချင်တာ

"Fan....ကလေးတို့ ဒီဆိုင်မှာမဝယ်တော့ဘူး တခြားဆိုင်သွားမယ်နော်"

I Hate You[Complete]Where stories live. Discover now