Part-55

208 8 30
                                    

"ကျေးဇူးတင်ပါတယ် Baekhyun ရာ"

"ဟုတ်တယ် Byun Baekhyun ရာ နင့်ကိုငါလေးစားတယ်"

Kris Hyung ကကျနော့ကိုအားနာသလိုလိုနဲ့ကြည့်ပီးပြောလေတော့
ကျနော့သူငယ်ချင်း Park Hyun Ah ကပါပြောလာသည် ကျနော်လဲတချက်ရယ်ပြလိုက်ပီး

"ရပါတယ် Hyung ရာ ကျနော်ကအကုန်လုံးကောင်းဖို့အတွက်လုပ်ပေးတာဘဲကို ပီးတော့ Park Hyun Ah အချင်းချင်းမြှောက်မနေနဲ့"

"ငါကတကယ်ပြောတာ😁"

"အေးပါကွာ....Hyun Ah ငါပြန်တော့မယ် Com မှအစည်းအဝေးရှိလို့ Hyung ကျနော်ပြန်တော့မယ်နော်"

"အေးကွာ....."

"သွားပီ Hyun Ah ဖုန်းဆက်လိုက်မယ်"

"Oki"

ကျနော် Hyun Ah နဲ့ Hyung ကိုနှုတ်ဆက်ပီး Hotel ခန်းထဲမှထွက်လာခဲ့တယ် ကျတော်မမှားဘူးမလား အရမ်းချစ်ကြတဲ့သူတို့၂ယောက်ကိုကျနော်အဆင်ပြေအောင်လုပ်ပေးလိုက်ပီလေ တန်ပါတယ် ကျနော်ရင်အကွဲခံပီးတော့ဘဲဖြစ်ဖြစ်ပေါ့....ကလေးငယ် မင်းပျော်ရွှင်ရမယ်နော် မင်းပျော်ရွှင်မှငါရင်အကွဲခံရကျိုးနပ်မှာ

Baekhyun ၁ယောက်ကားပေါ်မှာအတွေးကြီးတွေးကာ ကားလေးက Hotel မှထွက်ခွာသွားလေသည်

Other Side

အခုကျမအင်ချွန်းသွားနေတဲ့လမ်းပေါ်မှာပါ Bus နဲ့သွားနေတယ်ပေါ့ ကားနဲ့လား?ဟင့်အင်း ကျမကားမောင်းရတာဝါသနာမပါဘူးရယ် ကားကိုထားခဲ့လိုက်တယ် သမီးလေးကတော့ကျမရဲ့ပေါင်ပေါ်မှာခေါင်းမှီရင်းအိပ်နေလေရဲ့ ကျမလဲအပြင်သို့သာငေးရင်းအတွေးများကရောက်တတ်ရာရာ.....အခုချိန်ဆိုသူများစေ့စပ်ပီးသွားပီလား ဒါမှမဟုတ် အဖြစ်မှန်တွေသိသားပီလား?သူ Lee Haesu ကိုဘယ်လိုတုံ့ပြန်မလဲ....ကျမလွန်စွာသိချင်မိသည်....

"ခင်ဗျားနဲ့ကျမနဲ့ရေစက်က လွန်ခဲ့တဲ့၆နှစ်ကျော်လောက်ထဲက ကုန်သွားခဲ့ပီထင်ရပါရဲ့ဗျာ...."

Kim Yoon Young ပြောကာမျက်ရည်ပူများပါးပြင်ပေါ်သို့စီးကျလာသည်

Chan's side

"ကျေးဇူးပြုပီး ဖုန်းကိုင်ပါ ကလေးရာ"

ကျနော်ကားမောင်းနေရင်းဖြင့် Young ဆီသို့ဖုန်းတွေခေါ်နေမိသည် ဖုန်းတွေဝင်သွားသော်လဲ လုံးဝကိုမကိုင်.....အဲ့တော့ကျတော်လဲအသံ message သာချန်လိုက်သည်

I Hate You[Complete]Where stories live. Discover now