Part-50

126 6 2
                                    

ကျနော်ကြားကြားချင်းလန့်သွားမိတယ် Su bin လေးတို့အတန်းကအရှေ့ဆုံးကနေဆင်းသွားတာတဲ့လား ဒါဆို အရှေ့ဆုံးက ထွက်သွားတဲ့ကလေးက ဘယ်ပျောက်သွားတာလဲ

"ဆရာမ သေချာလို့လား"

"ဟုတ်ပါတယ် ကလေးတွေတယောက်မှမရှိတော့ဘူး"

"ဒါဆို......"

"Fan Wae?"

ကျနော်တုန်လှုပ်နေတုံးအနောက်ကနေကလေးရဲ့အသံကိုကြားလိုက်ရတယ် ကျနော်ကလေးဘက်ကိုလှည့်ကြည့်လိုက်ပီး

"ကလေး....Su bin ပျောက်နေပီ......"

"Nae?????"

......................

"စားလို့ကောင်းလား"

ကျနော့ရှေ့မှာထိုင်ပီးအားရပါးရစားနေသော သမီးလေးကို ကျနော်မေးလိုက်ခြင်း သူစားနေတာလေးကိုကြည့်တာနဲ့တင်ဗိုက်ပြည့်တယ်လို့ပြောရင်ယုံကြမလာ

"အင်း ကောင်းတယ် 😁😁 ဦးဦးလဲ စားလေ...."

"အင်း စားမယ်.......Su bin လေး ပီးရင် ကစားကွင်းသွားမလား ဒါမှမဟုတ် ဦးဦးအိမ်ကိုလိုက်ခဲ့မလား"

ကျနော်မေးလိုက်တော့ နှုတ်ခမ်းလေးထော်ပီးစဉ်းစားခန်းဖွင့်နေတဲ့ Kim Su bin က သူ့အမေ Kim Yoon Young နဲ့တပုံထဲပင်

"အင်း ဦးဦးအိမ်ကိုလိုက်ခဲ့မယ်😁😁"

"ဟုတ်ပါပီ အခုတော့စားတော့ ခေါက်ဆွဲတွေပွကုန်လိမ့်မယ်"

"Nae........."

Other Side

"Baek သမီးလေးရော ပြန်မလာသေးဘူးလား"

ကျမနိုးလာတော့သမီးလေးရဲ့အသံမကြားတာကြောင့် အခန်းထဲကနေထွက်လာပီး မီးဖိုထဲတွင်အလုပ်ရှုပ်နေသောသူ့ကိုလှမ်းမေးလိုက်သည်

"Kris Hyung တို့ကိုကြိုခိုင်းလိုက်တယ် Hyun Ah လဲပါတယ် တွေ့မယ်လို့ပြောလို့"

"အော် အင်း ဒါနဲ့ကျောင်းဆင်းတဲ့အချိန်ကိုကျော်နေပီနော်"

"မုန့်ဝင်စားနေလို့နေမှာပါဟာ Yoon Young ရာ စိတ်ပူတတ်လိုက်တာ လာ Su bin လေးအတွက် ပူမနေနဲ့ ဒီမှာဆန်ပြုတ်ပြုတ်ထားတယ် လာသောက်လိုက် နင်ကြိုက်တဲ့ဖရုံသီးဆန်ပြုတ်နော် ဒီက Byun Baekhyun ရှယ်ပြုတ်ပေးထားတာ"

I Hate You[Complete]Where stories live. Discover now