Part-35

141 2 8
                                    

ကျတော်ရုပ်ရှင်တွေပြန်ရိုက်နေပီ အရာအားလုံးအဆင်ပြေပြေလည်ပတ်နေပီ ဒါပေမဲ့တခုဘဲခုချိန်ထိသူကျနော့နားကိုပြန်မလာသေးဘူး သူမရှိတဲ့၆လအတွင်းကျနော်ဘယ်လိုတွေဖြတ်သန်းနေရတယ်ဆိုတာသူမသိဘူး......အခုကျနော်ရိုက်ကွင်းကပြန်လာတဲ့လမ်းမှာလေ

"ကားလမ်းတွေကလဲ ဒီနေ့မှပိတ်လိုက်တာ Hyung ရာ"

"အေးကွာ Kyung Soo ရာ ဒီနေ့ကျမှကား......."

ကျနော့စကားတွေပျောက်ရှသွားတယ်....မီးပွိုင့်မိလို့ကားရပ်ထားတုံးအပြင်ကိုကြည့်လိုက်တာကြည့်တဲ့ဘက်ခြမ်းက ကလေးအသုံးအဆောင်ဆိုင်ထဲမှာသူ့ကိုတွေ့လိုက်ရတယ် အမြင်မှားတာလားလို့မျက်လုံးကိုသေချာပွတ်ပီးကြည့်မိတော့သူ့မှသူ ကျနော့ကလေးမှကျနော့ကလေး သူ့ဘေးနားမှာကောင်လေးတယောက်နဲ့ ကောင်လေးကဆိုင်ဝန်ထမ်းနဲ့စကားပြောနေလို့မျက်နှာမမြင်ရပေမဲ့ကျနော်သူ့ကိုတော့သေချာတွေ့ရတယ် ဘာလဲဒါဆိုသူကကျနော်မသိအောင်နောက်တယောက်နဲ့တွဲနေလို့ကျနော့ကိုထားသွားခဲ့တာလား

ကျနော်ကားတံခါးကိုဆွဲဖွင့်ပီးကားပေါ်ကဆင်းကာကလေးအသုံးအဆောင်ဆိုင်ထဲကိုသွားဖို့ပြင်လိုက်တယ်

"Hyung Hyung ဘယ်သွားမလို့လဲ Hyung ဟာ"

ကျတော်ဆိုင်ထဲဝင်သွားတော့ကောင်လေးကရှိမနေ ဘယ်ရောက်သွားလဲမသိဘူး သူကတော့ဂါဝန်အဖြူဗိုက်တကားကားနဲ့ကလေးဖိနပ်ကိုလိုက်ကြည့်နေတယ် ဆိုင်ထဲတွင်လဲအခုသူနဲ့ကျတော်သာရှိတယ် ကျနော့ရင်တွေနာလိုက်တာ ဒါဆိုသူ...သူကကျနော် China သွားတုံးနောက်တယောက်ရှိနေခဲ့တာလား အဲ့ဒါကြောင့်သူကိုယ်ဝန်ရှိမှန်းသိသွားလို့ကျနော့နားကထွက်သွားတာလား ဟား....လုပ်ရက်လိုက်တာ Kim Yoon Young ရာ ငါ့မှာတော့နင့်ကိုချစ်လိုက်ရတာ ၆လအတွင်းဘယ်တုံးကမှနင့်ကိုငါမမေ့ခဲ့တာ

"Kim Yoon Young....."

ကျမကလေးဖိနပ်တွေကြည့်နေသောဩရှရှအသံကြားလိုက်ရတာကြောင့်ကိုယ်လေးတုန်မိသွားတယ် ဒါ...ဒါသူ့အသံ.....ကျမမဝံ့မရဲသူရှိရာကိုကြည့်လိုက်တော့ကျမကိုမျက်လုံးကျုံ့ပီးကြည့်နေသောသူ........

"Kim Yoon Young မင်းဘာအချိုးချိုးတာလဲ"

ကျတော်ဆက်မကြည့်နိုင်တော့လို့သူ့နားသွားပီး သူ့ပခုံးကိုခပ်ကြမ်းကြမ်းလှုပ်ကာမေးမိသည် သူ့လက်ထဲကကလေးဖိနပ်ကတော့လွတ်ကျသွားတယ်

I Hate You[Complete]Where stories live. Discover now